top of page

ချင်းပြည်(Chinland) အစိုးရအဖွဲ့ နှင့် ဒေသန္တရအစိုးရအဖွဲ့များတွေ့ဆုံ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 26
  • 1 min read

VOC/ May 26, 2026


ချင်းပြည်(Chinland) အစိုးရ ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်နှင့်အဖွဲ့ဟာ မကြာသေးခင်ရက်ပိုင်းက ချင်းပြည် အတွင်း ဒေသ ၄ ခုကို သွားရောက်ပြီး ဒေသန္တရအစိုးရတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရ ပါတယ်။

ဝန်ကြီးချုပ်ဆလိုင်းမျိုးထိုက်နှင့်အတူ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ဆလိုင်းဇထောင်း၊ ပညာရေးဝန်ကြီး ဆလိုင်းဂျိမ်းစ်တို့ ပါဝင်သော အစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ မေလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ချင်းပြည်အတွင်းရှိ လောက်တူ၊ မရာ၊ ထန်တလန်နှင့် ဇိုဖေရမ် ဒေသတွေကို သွားရောက်ကွင်းဆင်းပြီး သက်ဆိုင်ရာဒေသန္တရအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီခရီးစဉ်မှာ ချင်းပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးအခန်းကဏ္ဍနှင့် လူသားချင်စာနာ ထောက်ပံ့မှုတွေ ပိုမို တိုးမြှင့်နိုင်ရေး၊ ဒေသန္တရအစိုးရအားကောင်းရေးမှသည် ချင်းပြည် (Chinland) အစိုးရအားကောင်းရေးဆီသို့ မည်သို့ မည်ပုံ ပိုမိုအားထုတ်လုပ်ဆောင်နိုင်မည်ဆိုတဲ့ အကြောင်းအရာတွေကို မြို့နယ်/ဒေသန္တရအဆင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့်အဓိက ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


Credit-Chinland Channel



 
 
 

Comments


bottom of page