အောက်မေ့ဖွယ်နေ့မှာ အီရန်စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့သူများကို ကျေးဇူးတင်ကြောင်း သမ္မတမိန့်ခွန်းထဲ ထည့်သွင်းပြောဆို
- thevoiceofchinland
- May 26
- 1 min read
VOC/ May 26, 2026
အမေရိကန်သမ္မတ Donald Trump ဟာ အမေရိကန်ပြည်ထောင်စုကို ကာကွယ်ရင်း ကျဆုံးသွားသူများကို ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ်နေ့ (Memorial Day) မှာ အာလင်တန် အမျိုးသားစစ်သင်္ချိုင်း (Arlington National Cemetery) ကို တက်ရောက်ပြီး ကျဆုံးသူများကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
မေလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားမှာ Trump က တက်ရောက်ခဲ့ပြီး မကြာမီ ကျရောက်တော့မယ့် (၂၅၀) ကြိမ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ကို "သမိုင်းဝင် မှတ်တိုင်တစ်ခု" အဖြစ်ညွှန်းဆိုခဲ့ပါတယ်။
မိန့်ခွန်းမှာ အီရန်ကို သွားရောက်တိုက်ခိုက်တဲ့ Operation Epic Fury အတွင်း ကျဆုံးခဲ့တဲ့ စစ်မှုထမ်း ၁၃ ဦးရဲ့ အကြောင်းကို ထည့်သွင်းပြောဆိုခဲ့ကာ "မွန်မြတ်လှတဲ့ သူရဲကောင်း ၁၃ ယောက်ရဲ့ ဝိညာဉ်တွေဟာ ကမ္ဘာ့နံပတ် ၁ အကြမ်းဖက်အားပေးနိုင်ငံတစ်နိုင်ငံ နျူလက်နက်မပိုင်ဆိုင်နိုင်အောင် အသက်တွေကို စတေးခဲ့တယ်"လို့ ပြောဆိုသွားပါတယ်။
ဒါ့အပြင် ကျဆုံးသွားတဲ့ စစ်သည်တော်များကို ရည်ညွှန်းပြီး "အောက်မေ့ဖွယ်နေ့ မရှိဘဲ လွတ်လပ်ရေးနေ့ ဆိုတာ ရှိလာနိုင်မှာ မဟုတ်ဘူး"ပြောဆိုကာ "အမေရိကန်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမရှိရင် ဇူလိုင်လ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) ဆိုတာလည်း ရှိလာမှာမဟုတ်ကြောင်း ဒီနေ့မှာ မိမိတို့ သတိရမိပါတယ်" လို့ ဆိုလိုက်ပါတယ်။
မိန့်ခွန်းမပြောခင်မှာ သမ္မတဟာ အမေရိကန်သမ္မတတွေရဲ့အစဉ်အလာတစ်ခုဖြစ်တဲ့ "အမည်မသိ စစ်သည်တော်များ၏ ဂူဗိမာန်" မှာလည်း လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။
Source - NBC News
အမေရိကန် ကျဆုံးစစ်သည်များအောက်မေ့ဖွယ်နေ့ (Memorial Day) အခမ်းအနား ကျင်းပ၊ တစ်နိုင်ငံလုံး၌ အလံစိုက်ထူ ဂုဏ်ပြု
VOC/ May 25 2026
မေလရဲ့ နောက်ဆုံးတနင်္လာနေ့ဖြစ်တဲ့ ဒီကနေ့ မေလ ၂၅ ရက်မှာ အမေရိကန်နိုင်ငံတစ်ဝန်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ စစ်သည်တော်တွေကို ဂုဏ်ပြုတဲ့ "အောက်မေ့ဖွယ်နေ့" (Memorial Day) အခမ်းအနားတွေကို အလေးအနက်ထား ကျင်းပနေကြပြီး တစ်နိုင်ငံလုံး အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
ဒီနေ့ဟာ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပြီး အိမ်ကို ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့တဲ့သူတွေ၊ စစ်ဝတ်စုံချွတ်ပြီး "စစ်ပြန်ကြီးများ" အဖြစ်နဲ့ ဂုဏ်ပြုခံရမယ့် အခွင့်အရေးကို ဘယ်တော့မှ မရနိုင်တော့တဲ့ ရဲဘော်တွေအတွက် တနိုင်ငံလုံး ရင်ထဲကနေ အောက်မေ့ သတိရနေရမယ့် နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။
ဗာဂျီးနီးယားပြည်နယ်က နာမည်ကျော် အာလင်တန် အမျိုးသားစစ်သင်္ချိုင်း (Arlington National Cemetery) မှာ ဒီကနေ့ ပြုလုပ်တဲ့ Memorial Day အခမ်းအနားမှာတော့ သမ္မတ ထရမ့် တက်ရောက်ပြီး တိုင်းပြည်အတွက် ကျဆုံးသွားခဲ့တဲ့ အမေရိကန် စစ်သည်တော်တွေနဲ့ သူတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ စစ်မှုထမ်းရင်း အသက်ပေးလိုက်ရတဲ့ မိသားစုဝင်တွေ (Gold Star families) ကို အသိအမှတ်ပြု စကားဆိုခဲ့သလို၊ သမိုင်းဝင် အမေရိကန် တိုက်ပွဲတွေကိုလည်း ပြန်လည် အမှတ်ရ စကားဆိုခဲ့ပါတယ်။ ဒါ့အပြင် အီရန်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း Operation Epic Fury စစ်ဆင်ရေးမှာ ကျဆုံးသွားခဲ့ရတဲ့ အမေရိကန် စစ်သည် ၁၃ ဦးကိုလည်း အထူးတလည် ချီးကျူး ဂုဏ်ပြုသွားခဲ့ပါသေးတယ်။
"ဒီကနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်၊ Memorial Day မှာ ကျွန်တော်တို့ သူတို့ကို အလေးပြုပါတယ်။ ကျွန်တော်တို့ ပိုင်ဆိုင်ခွင့်ရထားသမျှ အရာအားလုံးနဲ့ သူတို့ ပေးဆပ်သွားခဲ့သမျှ အရာအားလုံးအတွက်လည်း ကျေးဇူးတင်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ အရာရာတိုင်းကို ပေးဆပ်သွားခဲ့ကြတာပါ"
— သမ္မတ ဒေါ်နယ်ထရမ့်
တစ်နိုင်ငံလုံးက အလံစိုက် ဓလေ့
ဒီနေ့လိုနေ့မျိုးမှာ အမေရိကန်တစ်ဝန်းက စစ်သင်္ချိုင်းတွေ၊ အိမ်တွေနဲ့ လမ်းမတွေမှာ အမေရိကန်အမျိုးသားအလံတွေကို တစ်ဝက်ချပြီး အလေးပြုကြသလို၊ ကျဆုံးစစ်သည်တွေရဲ့ ဂူဗိမာန်တိုင်းမှာလည်း အလံငယ်လေးတွေ လိုက်လံစိုက်ထူပြီး သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ကြောင်း ပြသကြပါတယ်။
Source: Arlington Cemetery




Comments