top of page

အမေရိကန်ကျန်းမာရေးဝန်ကြီး မြွေများကို လက်ဗလာနဲ့ဖမ်းယူ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 27
  • 1 min read

VOC/ May 27, 2026


အမေရိကန် ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. က ဖလော်ရီဒါပြည်နယ်ရှိ Dr. Mehmet Oz ရဲ့ ကမ်းခြေအိမ်မှာ တွေ့ရှိခဲ့တဲ့ black racer မြွေတွေကို ကိုယ်တိုင်ဖမ်းယူဖယ်ရှားနေတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

မေလ ၂၆ ရက်နေ့က တင်ခဲ့တဲ့ ဒီဗီဒီယိုအောက်မှာ Kennedy က ဒီမြွေတွေကို Oz ရဲ့ အိမ်ကနေ ဖယ်ရှားပေးခဲ့တာဖြစ်ကြောင်း ရေးသားထားပါတယ်။ ဗီဒီယိုထဲမှာ Kennedy ဟာ ဖိနပ်မစီးဘဲ အင်္ကျီနဲ့ ဘောင်းဘီဝတ်ထားပြီး မြွေတွေရှိရာကို လျှောက်သွားကာ လက်ဗလာနဲ့ ဖမ်းယူနေပါတယ်။ မြွေတွေဟာ လှုပ်ရှားရုန်းကန်နေခဲ့ပေမယ့် Kennedy က တည်ငြိမ်စွာ ဖမ်းဆီးနိုင်ခဲ့တာကို တွေ့ရပါတယ်။

အမေရိကန် အမျိုးသားဥယျာဉ်ဝန်ဆောင်မှုဌာနကတော့ black racer မြွေတွေဟာ အဆိပ်မရှိဘဲ လူသားတွေအတွက် အန္တရာယ်မရှိကြောင်း ပြောထားပေမယ့်၊ မထိခိုက်မနှောင့်ယှက်ဘဲထားဖို့ အကြံပြုထားပါတယ်။


Source - BBC News



 
 
 

Comments


bottom of page