မလေးရှားချင်းဒုက္ခသည်များကော်မတီ-CRC ၂၅ နှစ်ပြည့်ငွေရတုအခမ်းအနားမှာ UFC ချန်ပီယံ Joshua Van ပြောသွားတဲ့ အမှတ်တရစကား (မြန်မာလို အောက်မှာဘာသာပြန်ဆိုထားပါတယ်)
- thevoiceofchinland
- May 27
- 1 min read
VOC/ May 27, 2026
အခုလို ကျွန်တော့်ကို စကားပြောခွင့် ပေးတဲ့အတွက်၊ ဖိတ်ကြားပေးတဲ့အတွက် ချင်းဒုက္ခသည်ကော်မတီ (CRC) ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ CRC ရဲ့ ငွေရတုအခမ်းအနားကို ဆင်နွှဲခွင့်ရတဲ့အတွက် မိဘပြည်သူတွေနဲ့ထပ်တူ ကျွန်တော်လည်း အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။
CRC ရဲ့ ကူညီစောင့်ရှောက်မှုတွေဟာ ကျွန်တော်တို့ ချင်းလူမျိုးတွေတင်မကဘဲ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ အခြားသော ဒုက္ခသည်တွေအတွက်ပါ အင်မတန်မှ အရေးပါလှပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၁၃ နှစ်၊ ၁၄ နှစ်ခန့် (၂၀၁၉ ခုနှစ်ဝန်းကျင်) က ဒုက္ခသည်တစ်ဦးအဖြစ် ရုန်းကန်ခဲ့ရဖူးတာမို့ မိဘပြည်သူတို့ရဲ့ အခြေအနေကို ကောင်းကောင်းနားလည်ခံစားရပါတယ်။
အဲ့ဒီအချိန်တုန်းက CRC နဲ့ UNHCR တို့ရဲ့ ကူညီပံ့ပိုးမှုတွေကြောင့်ပဲ ကျွန်တော် အမေရိကန်နိုင်ငံကို အခြေချခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် CRC အဖွဲ့သားအားလုံးကို အစဉ်အမြဲ ကျေးဇူးတင် လျက်ရှိပါတယ်။
ဒီနေ့ ဒီနေရာမှာရှိနေတဲ့ ကျွန်တော့်ရဲ့ ညီငယ်၊ ညီမငယ်တွေကို အဓိက မက်ဆေ့ခ်ျတစ်ခု ပေးချင်တာကတော့ 'လက်ရှိ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေတွေက သင့်ရဲ့အနာဂတ်ကို ဆုံးဖြတ်ခွင့် မပေးလိုက်ပါနဲ့။ အိပ်မက်ကို ကြီးကြီးမက်ပါ၊ ကြိုးစားအားထုတ်ပါ၊ နှိမ့်ချမှုရှိပါ၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ပါ' ဆိုတာပါပဲ။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်တော်ဟာ ချင်းလူမျိုးတစ်ယောက်ဖြစ်ရတာကို အလွန် ဂုဏ်ယူပါတယ်။ ချင်းလူမျိုးတင်မကဘဲ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ပါ (ကမ္ဘာ့အလယ်မှာ) ကိုယ်စားပြုခွင့်ရတဲ့အတွက် အလွန် ဂုဏ်ယူမိပါတယ်။ မိဘပြည်သူများ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။"
Video Credit- Chin Refugee Committee- Malaysia




Comments