ဘယ်လ်ဂျီယမ်မှာ ကျောင်းကားနဲ့ရထားတိုက်မိမှုကြောင့် မသန်စွမ်းကလေးနှစ်ဦးအပါအဝင် လူ ၄ ဦးသေဆုံး
- thevoiceofchinland
- May 27
- 1 min read
VOC/ May 26, 2026
ဘယ်လ်ဂျီယမ်နိုင်ငံ၊ Buggenhout မြို့လေးမှာ ကျောင်းကားနဲ့ ရထားတိုက်မိမှုကြောင့် မသန်စွမ်းကလေးနှစ်ဦးအပါအဝင် လူ လေးဦး သေဆုံးခဲ့ပါတယ်။
အင်္ဂါနေ့ မနက်ပိုင်းက Brussels မြို့တော်ရဲ့ မြောက်ဘက် ၂၃ ကီလိုမီတာအကွာက Buggenhout ဘူတာအနီးမှာ မသန်စွမ်းကျောင်းသား ၇ ဦးနဲ့ အထိန်းတစ်ဦးကို သယ်ဆောင်လာတဲ့ကားနဲ့ ရထားတို့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။
မသန်စွမ်းကလေးနှစ်ဦးနဲ့ အဖော်လိုက်လာသူ လူကြီးတစ်ဦး၊ ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး တခြားကျောင်းသားနှစ်ဦးမှာ ဆိုးဝါးစွာ ဒဏ်ရာရခဲ့ပါတယ်။
ဘယ်လ်ဂျီယမ်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေမှာ အဖြူရောင်ဗန်ကားတစ်စီးမှာ ရထားလမ်းဘေး လဲနေပြီး ထိခိုက်ပျက်စီးနေတာကို မြင်ရပါတယ်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး Jean-Luc Crucke က လုံခြုံရေးကင်မရာများကို ခြေရာခံမှုအရ လမ်းဆုံက အရံအတားတွေမှာလည်း ချထားတာကို တွေ့ရပါတယ်။
ဥရောပသမဂ္ဂ ဥက္ကဌ Ursula Von Der Leyan က "ဒီကနေ့ ဥရောပတခွင်ဟာ ဘယ်လ်ဂျီယမ်နဲ့အတူ ဝမ်းနည်းပူဆွေးနေကြပါတယ်" လို့ X မှာ တင်ခဲ့ပါတယ်။
Source - Reuters, IpIndependant




Comments