UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Joshua Van မလေးရှားရောက်ပြီ
- thevoiceofchinland
- May 25
- 1 min read
VOC/ May 25, 2026
UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ် ကို ယနေ့ညနေပိုင်းမှာ ရောက်ရှိလာပြီး မလေးရှားရောက်ချင်းလူမျိုးတွေနဲ့ မြန်မာနိုင်ငံသား အမြောက်အများက လေဆိပ် မှာ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။
နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာကျော် ချင်းဖိုက်တာ Joshua Van ဟာ မေလ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် မလေးရှား Chin Refugee Committee -CRC ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားမှာ အထူးဧည့်သည်တော် အဖြင့် တက်ရောက်မှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံဟာ အမေရိကန်ကို အခြေမချခင်မှာ Joshua Van က ဒုက္ခသည်အဖြစ်နေထိုင်ခဲ့တဲ့နိုင်ငံဖြစ်ပြီး ပထမဆုံး ကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
CRC ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ Joshua Van နဲ့အတူ နိုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိမ်းလည်း တက်ရောက်လာမှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ICC Pudu, Hall ခန်းမမှာ ယနေ့ည ၈ နာရီကနေ ၁၀ နာရီအထိ Joshua Van နဲ့ ဖြူဖြူကျော်သိမ်းတို့ရဲ့ အထူးပရိတ်သတ်တွေ့ဆုံပွဲလည်းရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ချင်းဖိုက်တာ Joshua Van ဟာ မလေးရှားနိုင်ငံအပြင် ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ဖို့ရှိတယ် လို့သိရပါတယ်။




Comments