top of page

သမ္မတပူတင်ရဲ့ တရုတ်ခရီးစဉ်အပေါ် မျှော်လင့်ချက်အပြည့်ရှိ‌ကြောင်း ရုရှားပြောဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 19
  • 1 min read

VOC/ May 19, 2026


ရုရှားသမ္မတ Vladimir Putin ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပေါ် ရုရှားဘက်က တော်တော်လေး မျှော်လင့်ချက်ကြီးမား‌ကြောင်း ထုတ်ဖော်ပြောကြားပါတယ်။

 ဒီခရီးစဉ်ကြောင့်တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံရဲ့ အထူးမိတ်ဖက်ဆက်ဆံရေးကို ပိုပြီးတိုးတက်အောင် လုပ်သွားနိုင်မယ်လို့ ကရင်မလင်နန်းတော်က တနင်္လာနေ့မှာ ပြောဆိုပါတယ်။

အမေရိကန်သမ္မတ Donald Trump တရုတ်နိုင်ငံကို သွားရောက်ပြီး သမ္မတ Xi Jinping နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တစ်ပတ် မပြည့်သေးခင်မှာပဲ Putin က မေလ ၁၉ ၊ ၂၀ ရက်တွေမှာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

 ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံတွေက ရုရှားကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်း ကမ္ဘာ့သဘာဝသယံဇာတ အထွက်ဆုံး ရုရှားနဲ့ တရုတ်တို့ကြားက အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံရေးက ပိုပြီးတော့တောင် ခိုင်မာလာပါတယ်။

"ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ တရုတ်မိတ်ဆွေတွေကတော့ ဒါကို 'အထူးအခွင့်အရေးရ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး' လို့ပဲ ခေါ်ကြပါတယ်" လို့ ရုရှားအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ Dmitri Pascov က ပြောပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါမယ့် ရုရှားကိုယ်စားလှယ်အဖွဲ့ထဲမှာ သက်ဆိုင်ရာ ဒုတိယဝန်ကြီးချုပ်တွေ၊ အစိုးရဝန်ကြီးတွေနဲ့ ကုမ္ပဏီအကြီးအကဲတွေလည်း ပါဝင်ထဲလို့ရုရှားအစိုးရကအတည်ပြုထားပါတယ်။

ရုရှားနိုင်ငံ အာတိတ်ဒေသက ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို မွန်ဂိုလီးယားကတစ်ဆင့် တရုတ်နိုင်ငံဆီ တစ်နှစ်ကို ကုဗမီတာ ဘီလီယံ ၅၀ အထိ ပိုပြီး ပို့ပေးနိုင်မယ့် "Power of Siberia 2" ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအကြောင်း ဆွေးနွေးဖို့တဲ့အကြောင်းလည်း သူက အရိပ်အမြွက် ထည့်သွင်းပြောကြားခဲ့ပါတယ်။


Source - Reuters



 
 
 

Comments


bottom of page