top of page

လေကြောင်းပြပွဲမှာ အမေရိကန်ရေတပ်ပိုင် EA-18G တိုက်လေယာဉ်အချင်းချင်း တိုက်မိပြီး ပျက်ကျ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 18
  • 1 min read

VOC/ May 18, 2026


အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟိုပြည်နယ်က Mountain Home လေတပ်အခြေစိုက်စခန်းမှာ ကျင်းပတဲ့ လေကြောင်းပြပွဲတစ်ခုမှာ တိုက်လေယာဉ် နှစ်စီး ဝေဟင်မှာ အချင်းချင်းတိုက်မိပြီး ပျက်ကျသွားတဲ့အတွက် ပြပွဲကို ရုတ်တရက် ဖျက်သိမ်းလိုက်ရပါတယ်။

မေလ ၁၇ ရက်နေ့က ကျင်းပတဲ့ လေကြောင်းပြပွဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ်ပါတဲ့ အမှုထမ်း ၄ ဦးစလုံး လေယာဉ်ထဲကနေ အချိန်မီ ခုန်ထွက်နိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက သူတို့ကို စောင့်ကြည့် စစ်ဆေးပေးနေတယ်လို့ အမေရိကန် ပစိဖိတ်ရေတပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး Amelia Umayamက ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ "Gunfighter Skies" လို့ခေါ်တဲ့ လေကြောင်းပြပွဲရဲ့ ဒုတိယမြောက်နေ့၊ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တာပါ။

ဝေဟင်မှာ သရုပ်ပြပျံသန်းနေရင်းနဲ့ လေတပ်စခန်းရဲ့ အနောက်မြောက်ဘက် ၂ မိုင်လောက်အကွာမှာ အခုလို တိုက်မိခဲ့ကြတာဖြစ်ပြီး ပျက်ကျသွားတဲ့ လေယာဉ်တွေကတော့ ဝှစ်ဘီကျွန်းကနေ လာတဲ့ အမေရိကန်ရေတပ်ပိုင် EA-18G တိုက်လေယာဉ် နှစ်စီး ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာလည်း တိုက်လေယာဉ် နှစ်စီး ကောင်းကင်မှာ တိုက်မိပြီး မီးခိုးအမည်းရောင်တွေနဲ့အတူ မြေပြင်ပေါ် လည်ပတ်ပျက်ကျသွားတာကို မြင်ရပြီး၊ အဲဒီနားမှာတင် လေထီး ၄ ခု ပွင့်သွားတာကိုလည်း အထင်အရှား တွေ့ရပါတယ်။


Source -AP, Idaho 6



 
 
 

Comments


bottom of page