top of page

ဘန်ကောက်မှာ ဘတ်စ်ကားနဲ့ ကုန်တင်ရထားတိုက်မိပြီး လူ ၈ ဦးထက်မနည်းသေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 16
  • 1 min read

VOC/ May 16, 2026


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ Airport Rail Link ရဲ့ Makkasan ဘူတာအနီးတွင် ကုန်တင်ရထားတစ်စင်းဟာ အများပြည်သူသုံးဘတ်စ်ကားတစ်စီးနဲ့ တိုက်မိခဲ့ပြီး ၈ ဦးထက်မနည်းသေဆုံးကာ လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပါတယ်။

မေလ ၁၆ ရက် ညနေ ၃:၄၀ နာရီခန့်မှာ ဘန်ကောက်မြို့ Ratchathewi ခရိုင် Rama IX လမ်းဆုံနဲ့ Asok-Phetchaburi လမ်းဆုံကြားရှိ Asok-Din Daeng လမ်းမပေါ်က Makkasan ဘူတာအနီးမှာ ကုန်တင်ရထားတစ်စင်းနဲ့ အများပြည်သူသုံးဘတ်စ်ကားတစ်စီးတိုက်မိခဲ့ပြီး ဘတ်စ်ကားဟာ မီးလောင်ပျက်စီးခဲ့ပါတယ်။

ရထားဟာ ဘတ်စ်ကားအပြင် ကိုယ်ပိုင်ကားများနဲ့ မော်တော်ဆိုင်ကယ်များကိုလည်း တိုက်မိခဲ့ပါတယ်။ မီးသတ်သမားတွေဟာ ၃:၅၁ မှာရောက်ရှိလာပြီး မီးလောင်မှုကို ငြိမ်းသတ်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ပါတယ်။

ဒုတိယသယ်ယူပို့ဆောင်ရေးဝန်ကြီး Siripong Angkasakulkiat က ရထားနဲ့ ဘတ်စ်ကား မတော်တဆမှုရဲ့ ကနဦးအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားရာမှာ အစောပိုင်းတွေ့ရှိရချက်တွေအရ ဘန်ကောက်လူထုသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (BMTA) ဘတ်စ်ကားဟာ မတော်တဆမှုမဖြစ်ပွားမီ ရထားလမ်းပေါ်မှာ မီးနီမှာ ပိတ်မိနေတာလို့ ဆိုပါတယ်။

BMTA အနေနဲ့ ဒီဖြစ်ရပ်မှာ ထိခိုက်ခဲ့ရသူတွေကို ဥပဒေကြောင်းအရရော လူသားချင်းစာနာထောက်ထားမှုအရပါ အကောင်းဆုံး အကူအညီနဲ့ လျော်ကြေးငွေများ အမြန်ဆုံး ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


Source - The Nation Thailand



 
 
 

Comments


bottom of page