top of page

၅၃ နှစ်အတွင်း ပထမဆုံး NBA ချန်ပီယံဖြစ်လာတဲ့ နယူးယောက် နစ်ခ်စ်၊ ပရိသတ် နှစ်သန်းနီးပါးနဲ့ အောင်ပွဲခံ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 19
  • 1 min read

VOC/ Sports/ June 19, 2026


၅၃ နှစ်အတွင်း ပထမဆုံး NBA ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ နယူးယောက် နစ်ခ်စ် (New York Knicks) အသင်းအတွက် ဇွန်လ ၁၈ ရက်နေ့က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ Lower Manhattan မှာ သမိုင်းဝင် ticker-tape parade အောင်ပွဲခံအခမ်းအနား ကျင်းပခဲ့ရာ လူနှစ်သန်းနီးပါး တက်ရောက်ခဲ့ကြပါတယ်။

နစ်ခ်စ်အသင်းဟာ NBA Finals စီးရီးမှာ ဆန်အန်တိုနီယို စပါးစ် (San Antonio Spurs) ကို ၄ ပွဲ - ၁ ပွဲနဲ့ အနိုင်ရပြီး ၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံး NBA ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Lower Manhattan လမ်းမတွေမှာ ပရိသတ်တွေ ပြည့်နှက်နေခဲ့ပြီး အဆောက်အအုံ ငြမ်း (scaffolding) တွေပေါ်၊ လုံခြုံရေးအတားအဆီးတွေအနီးနဲ့ လမ်းဘေးတိုင်းမှာ နစ်ခ်စ်ပရိသတ်တွေ စုဝေးကာ အသင်းရဲ့ သမိုင်းဝင်အောင်ပွဲကို ဂုဏ်ပြုခဲ့ကြပါတယ်။

နယူးယောက်မြို့ဖွား အဆိုတော် အလီရှာ ကီးစ် (Alicia Keys) ကလည်း အခမ်းအနားအတွင်း “Empire State of Mind” အပါအဝင် နယူးယောက်မြို့ကို ကိုယ်စားပြုတဲ့ သီချင်းများ ဖျော်ဖြေခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

နစ်ခ်စ်အသင်းဟာ ဇွန်လ ၁၃ ရက်နေ့က ကစားခဲ့တဲ့ NBA Finals ပွဲစဉ် (၅) မှာ စပါးစ်အသင်းကို ၉၄ မှတ် - ၉၀ မှတ်နဲ့ အနိုင်ရခဲ့ပြီး စီးရီးကို ၄-၁ နဲ့ အဆုံးသတ်ကာ ချန်ပီယံဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Finals MVP ဆုရှင် ဂျေလင် ဘရွန်ဆင် (Jalen Brunson) က ဗိုလ်လုပွဲအတွင်း အဓိကဦးဆောင်ခဲ့ပြီး “ဒါဟာ ကျွန်တော် တစ်သက်လုံး မက်ခဲ့တဲ့ အိပ်မက်ပါ” လို့ အောင်ပွဲခံအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

နယူးယောက် နစ်ခ်စ်အသင်းရဲ့ ဒီချန်ပီယံဆုဟာ ဆယ်စုနှစ်ငါးခုကျော် စောင့်မျှော်ခဲ့ရတဲ့ နယူးယောက်ပရိသတ်တွေအတွက် အမှတ်တရအောင်ပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။


Source: ESPN



 
 
 

Comments


bottom of page