top of page

၃၂ မိနစ်အတွင်း ဟက်ထရစ်သွင်းနိုင်တဲ့ ဒမ်ဘီလီ၊ ကမ္ဘာ့ဖလားသမိုင်း ဒုတိယအမြန်ဆုံး စံချိန်တင် ( ပြင်သစ် ၄-၁ နော်ဝေး)

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ Sports/ June 26, 2026


၂၀၂၆ ကမ္ဘာ့ဖလား Group I နောက်ဆုံးပွဲစဉ်မှာ ပြင်သစ်အသင်းက နော်ဝေးအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိပြီး အုပ်စုပထမနေရာကို ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ Ballon d’Or ဆုရှင် အူစ်မန် ဒမ်ဘီလီ (Ousmane Dembélé) က ပွဲချိန် ၇၊ ၂၀ နဲ့ ၃၂ မိနစ်တွေမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပွဲစပြီး ၃၂ မိနစ်အတွင်း ဟက်ထရစ်သွင်းနိုင်တဲ့ ဒုတိယအမြန်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အမြန်ဆုံးစံချိန်ကိုတော့ ၁၉၅၄ ခုနှစ်က ဩစတြီးယားတိုက်စစ်မှူး Erich Probst က ၂၄ မိနစ်အတွင်း ဟက်ထရစ်သွင်းယူထားတာ ဖြစ်ပါတယ်။

ဒမ်ဘီလီရဲ့ ဟက်ထရစ်ဟာ ၁၉၉၄ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမပိုင်းအတွင်း ပထမဆုံး ဟက်ထရစ် လည်း ဖြစ်လာခဲ့ပါတယ်။ ဒုတိယဂိုးကို အသင်းခေါင်းဆောင် အမ်ဘာပေက ဖန်တီးပေးခဲ့ပြီး ဒမ်ဘီလီဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ စုစုပေါင်း ၄ ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ အုပ်စုအဆင့် သုံးပွဲစလုံး အနိုင်ရကာ ၉ မှတ်နဲ့ အုပ်စုပထမနေရာရရှိခဲ့ပြီး ရှုံးထွက် ၃၂ သင်းအဆင့်မှာ အုပ်စုတတိယရအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နော်ဝေးအသင်းကတော့ ၆ မှတ်နဲ့ အုပ်စုဒုတိယနေရာရရှိပြီး အိုင်ဗရီကို့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


Source: X, Fx Sport



 
 
 

Comments


bottom of page