(၂၄)နှစ်ကြာမှ ကမ္ဘာ့ဖလား ပြန်ပါခွင့်ရတဲ့တူရကီအသင်းကို ပရိသတ်များကယာဉ်တန်းများနဲ့ စီတန်းလိုက်ပို့
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 5, 2026
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ပြန်လည်ပါဝင်ခွင့်ရဖို့ ၂၄ နှစ်တိုင်အောင် စောင့်ခဲ့ရတဲ့ တူရကီလက်ရွေးစင်ဘောလုံးအသင်းနဲ့ ပရိသတ်တွေဟာ စိတ်လှုပ်ရှားစွာနဲ့ ပြိုင်ပွဲမတင်ခင် ကားနဲ့ စီတန်းလှည့်လည်ခဲ့ကြပါတယ်။
တူရကီအမျိုးသားဘောလုံးအသင်း ပြိုင်ပွဲဝင်ဖို့ထွက်ခွာချိန်မှာ ပရိသတ်တွေဟာ ကားများနဲ့ စီတန်းပြီး လိုက်ပို့ခဲ့ကြတာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကို တူရကီကားထုတ်လုပ်သူတစ်ဦးနဲ့ တူရကီဘောလုံးအဖွဲ့ချုပ်က ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားက အရင်နှစ်တွေနဲ့မတူဘဲ သုံးနိုင်ငံထိ ပူးပေါင်းကျင်းပတာမျိုး ရှိသလို ပြိုင်ပွဲဝင်နိုင်ငံတွေက ကစားသမားတွေနဲ့ပရိသတ်တွေဟာလည်း ထူးထူးခြားခြား အပြုအမူလေးတွေနဲ့ ပြိုင်ပွဲမဝင်ခင် အားပေးတာမျိုး ရှိပါတယ်။
အာဂျင်တီးနားမှ အမေရိကန်ပြည်ထောင်စု ကန်းဆတ်စီးတီးအထိ မိုင်တစ်သောင်းကျော် စက်ဘီးစီးပြီး Lionel Messi ကို လာတွေ့တဲ့ အာဂျင်တီးနားဘောလုံးပရိသတ်များ၊ ဘရာဇီးအသင်းသားများစီးမယ့်လေယာဉ်ကို ရေဖျန်းပြီး နှစ်ခြင်းမင်္ဂလာပြုလုပ်ခြင်းများ၊ အခု တူရကီအသင်းကို ကားရာပေါင်းများစွာ စီတန်းပြီး လိုက်ပို့တာ စတဲ့ ထူးခြားတဲ့အပြုအမူလေးတွေဟာ ဘောလုံးပရိသတ်များကြားထဲ ထင်ရှားတဲ့အမှတ်တရတွေ ဖြစ်ပါတယ်။




Comments