၂၀၂၆ ကမ္ဘာ့ဖလားပွဲတစ်ပွဲ အတွင်း အဝါကတ် ၇ ကတ်ပြသပြီး ပြိုင်ပွဲစံချိန်တင်ခဲ့တဲ့ ဒိုင်လူကြီး ကြွက်တက်၍ ကစားသမားများ ဝိုင်းကူညီခဲ့ရ
- thevoiceofchinland
- Jun 20
- 1 min read
VOC/ Sports/ June 19, 2026
အမေရိကန်အသင်းက သြစတြေးလျအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား Group D ပွဲစဉ်အတွင်း ဂျာမန်ဒိုင်လူကြီး Felix Zwayer ဟာ ပွဲပြီးခါနီး ကြွက်တက်သွားပြီး မြက်ခင်းပေါ် လဲကျသွားခဲ့ပါတယ်။
ဒါဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဒိုင်လူကြီးကြွက်တက်ပြီး ကစားသမားတွေက ဝိုင်းကူညီပေးရတဲ့ ပထမဆုံးဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အသက် ၄၅ နှစ်အရွယ် Zwayer ကို အမေရိကန်တိုက်စစ်မှူး Folarin Balogun နဲ့ သြစတြေးလျကွင်းလယ်လူ Aiden O’Neill တို့က ပွဲကို ခဏရပ်ပြီး ဒိုင်ရဲ့ ခြေထောက်ကို ဆွဲဆန့်ပေးခဲ့ကြတာဖြစ်ပြီး စတုတ္ထဒိုင် Katia Garcia က Energy Gel ယူဆောင်လာပေးခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ Zwayer ဟာ ပြန်လည်ထနိုင်ခဲ့ပြီး ပွဲကို ဆက်လက်ကြီးကြပ်ခဲ့ကာ USA က Australia ကို ၂-၀ နဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ဂျာမနီနိုင်ငံမှ တစ်ဦးတည်းသော ကွင်းတွင်းဒိုင်လူကြီး Felix Zwayer ဟာ ဒီကမ္ဘာ့ဖလားပွဲတစ်ပွဲအတွင်း အဝါကတ် ၇ ကတ်ပြသပြီး ပြိုင်ပွဲစံချိန်တင်ခဲ့ပါတယ်။
Source: X, Fox Sport




Comments