၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်ဘောလုံးပရိသတ်တွေ ပွဲအပြီး အားကစားကွင်းကို သန့်ရှင်းရေးလုပ်ပြီးမှ ပြန်လေ့ရှိတဲ့ အလေ့အထကို ကမ္ဘာတဝန်းက ချီးကျူးမှုတွေ ထပ်မံရရှိနေပါတယ်။
- thevoiceofchinland
- Jun 16
- 1 min read
နိုင်ငံတကာ အားကစားပွဲကြီးတွေမှာ ဂျပန်ပရိသတ်တွေက သူတို့ထိုင်ခဲ့တဲ့ နေရာတဝိုက်က အမှိုက်တွေကို စုဆောင်းသိမ်းဆည်းပြီးမှ ကွင်းထဲက ထွက်ခွာသွားတာကို မကြာခဏ မြင်တွေ့ရပါတယ်။
ဒီအလေ့အထကို ၁၉၉၈ ခုနှစ် ပြင်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက နိုင်ငံတကာက စတင်သတိထားမိခဲ့တာဖြစ်ပြီး နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း ဆက်လက်မြင်တွေ့နေရပါတယ်။
ဂျပန်ယဉ်ကျေးမှုမှာ “Tatsu tori ato wo nigosazu” ဆိုတဲ့ စကားပုံရှိပြီး “ကိုယ်ထွက်သွားတဲ့အခါ အညစ်အကြေး မကျန်ခဲ့စေနဲ့” လို့ပ္ပာယ်ရပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဒီအလေ့အထဟာ ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်နဲ့ ဆက်စပ်နေတယ်လို့ ဆိုကြပါတယ်။ ဂျပန်ကျောင်းသားတွေဟာ ငယ်စဉ်ကတည်းက စာသင်ခန်းနဲ့ ကျောင်းပတ်ဝန်းကျင်ကို ကိုယ်တိုင် သန့်ရှင်းရေးလုပ်ရတဲ့အတွက် အများပြည်သူပိုင် နေရာတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ စိတ်ဓာတ်ကို သဘာဝအတိုင်း သင်ယူလာကြတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဂျပန်ပရိသတ်တွေရဲ့ အမှိုက်သိမ်းတဲ့ အလေ့အထကို အားကစားစိတ်ဓာတ်ကောင်းရဲ့ ဥပမာတစ်ခုအဖြစ် ကမ္ဘာတဝန်းက ချီးကျူးပြောဆိုနေကြတာ ဖြစ်ပါတယ်။
Source: ESPN




Comments