၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တဲ့ ပါရာဂွေးကို ပရိသတ်တွေဟာ မီးရှူးမီးပန်းတွေ၊ ရောင်စုံအလှဆင်မှုတွေနဲ့ ကွင်းလုံးပြည့် အောင်ပွဲခံ
- thevoiceofchinland
- Jun 8
- 1 min read
VOC/ June 6 2026
ပါရာဂွေး လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားဆီ မထွက်ခွာခင် နောက်ဆုံးခြေစမ်းပွဲမှာ နီကာရာဂွါအသင်းကို ၄-၀ နဲ့ အပြတ်အနိုင်ယူခဲ့ပါတယ်။
၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြန်တက်ခွင့်ရတဲ့ မိခင် အသင်းကို အားပေးဖို့ ပရိသတ် ၃၄,၀၀၀ ကျော် လာရောက်ခဲ့ကြ ပွဲပြီးတဲ့အထိလည်း ပရိသတ်တွေဟာ မီးရှူးမီးပန်းတွေ၊ ရောင်စုံအလှဆင်မှုတွေနဲ့ ကွင်းလုံးပြည့် အုန်းအုန်းကျွက်ကျွက် အောင်ပွဲခံခဲ့ကြပြီး အဲဒီဗီဒီယိုတွေဟာ လူမှုကွန်ရက်ပေါ်မှာလည်း အတော်လေး ပျံ့နှံ့ခဲ့ပါတယ်။
ပါရာဂွေးဟာ တောင်အမေရိက ခြေစစ်ပွဲမှာ အဆင့် ၆ နေရာနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တဲ့ ပါရာဂွေးဟာ အုပ်စု D မှာ အမေရိကန်၊ တူရကီ၊ ဩစတြေးလျတို့နဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။




Comments