၁,၄၅၄ ပေမြင့်တဲ့ အင်ပါယာစတိတ်အဆောက်အအုံ ထိပ်ဆုံးမှာ ငြိမ်းချမ်းရေးစာတန်း ကိုင်ဆောင်ပြီး စေ့စပ်ခဲ့တဲ့ စွန့်စားစုံတွဲ
- thevoiceofchinland
- Jul 2
- 1 min read
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Empire State Building ရဲ့ ထိပ်ဆုံး transmitter အထိ တက်ရောက်ခဲ့တဲ့ စွန့်စားစုံတွဲ Angela Nikolau (အသက် ၃၃ နှစ်) နဲ့ Ivan Kuznetsov (အသက် ၃၂ နှစ်) တို့ဟာ အဆောက်အအုံထိပ်မှာ ငြိမ်းချမ်းရေးစာတန်းကို ဖြန့်ခင်းပြသခဲ့ပြီး၊ အောက်ကို ပြန်ဆင်းလာချိန်မှာတော့ စေ့စပ်လက်ထပ်ဖို့ အတည်ပြုခဲ့ကြပါတယ်။
အဆိုပါစုံတွဲဟာ ဗုဒ္ဓဟူးနေ့ မွန်းတည့်ပိုင်းက အဆောက်အအုံရဲ့ spire ထိပ်ဆုံးမှာ “When the power of love beats the love of power, the world knows peace.” (အချစ်ရဲ့ အင်အားက အာဏာကို ချစ်တဲ့စိတ်ထက် အနိုင်ရတဲ့နေ့မှာ ကမ္ဘာကြီးက ငြိမ်းချမ်းမှုကို သိရှိလာမယ်) လို့ ရေးသားထားတဲ့ စာတန်းကို ကိုင်ဆောင်ပြသခဲ့ပြီး အချင်းချင်း နမ်းရှိုက်ခဲ့ကြပါတယ်။
ဒီစာသားကို လူအများက ဂစ်တာပညာရှင် Jimi Hendrix ရဲ့ စကားအဖြစ် လူသိများကြပေမယ့်၊ အမှန်တကယ်တော့ ၁၉ ရာစု ဗြိတိန်နိုင်ငံရေးသမား William Gladstone ပြောကြားခဲ့တဲ့ စကားလုံးဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် အောက်ကို ပြန်ဆင်းလာချိန်မှာတော့ နှစ်ဦးစလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်ရှိမှာ စွဲချက်တင်နိုင်ရေး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဒီစုံတွဲဟာ ၂၀၂၄ ခုနှစ်က Netflix မှာ ထုတ်လွှင့်ခဲ့တဲ့ “Skywalkers: A Love Story” မှတ်တမ်းရုပ်ရှင်နဲ့ ကမ္ဘာတစ်ဝန်း လူသိများလာသူတွေ ဖြစ်ပါတယ်။




Comments