ဩစတြေးလျကို အနိုင်ရပြီး နောက်တဆင့်ကို တက်သွားပြီဖြစ်တဲ့အိမ်ရှင်အမေရိကန် (အမေရိကန် ၂-၀ ဩစတြေးလျ)
- thevoiceofchinland
- Jun 20
- 1 min read
VOC/Sports/June 20, 2025
အိမ်ရှင် USA အသင်းဟာ Australia ကို ၂ ဂိုး - ၀ ဂိုး နဲ့ အနိုင်ရရှိပြီး ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး Knockout Round ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ပွဲအစပိုင်းမှာပဲ USA အသင်းဟာ Australia အသင်းရဲ့ Own Goal ကတဆင့် ပွဲစဉ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၇ မိနစ်မှာ Alex Freeman နဲ့ Australia ကွင်းလယ်လူ Nathaniel Okon-Engstler တို့ ခေါင်းချင်းရိုက်မိပြီး နှစ်ယောက်စလုံး ကွင်းထဲမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ပထမပိုင်းပြီးကာနီး ၄၃ မိနစ် မှာတော့ Sergiño Dest က အဝေးကနေ အပြင်းကန်သွင်းရာကနေ လွင့်ထွက်လာတဲ့ ဘောလုံးကို Alex Freeman က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အစောပိုင်းမှာ လူကျွံဘော (Offside) လို့ ထင်ရပေမယ့် VAR ပြန်လည်စစ်ဆေးအပြီးမှာတော့ ဂိုးအဖြစ် တရားဝင် သတ်မှတ်ပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ပိုပြီး အကြိတ်အနယ်ဖြစ်လာပြီး USA ခံစစ်ပိုင်းကလျော့ပါးလာပြီး ဂိုးသမား Matt Freese က ကပ်သီးကပ်သတ် ဖျက်ထုတ်ခဲ့ရပါတယ်။ ပွဲစဉ် ၆၅ မိနစ်မှာ Australia ဘက်က Connor Metcalfe ရဲ့ ကန်ချက်ကို USA ဂိုးသမား Matt Freese ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ ခံစစ်အတွက် Auston Trusty နဲ့ Joe Scally တို့ကို Dest နဲ့ Robinson တို့နေရာမှာ လူစားလဲ ထည့်သွင်းခဲ့ပါတယ်။ ပွဲပြီးကာနီး ၈၈ မိနစ် မှာတော့ USA တိုက်စစ်မှူး Folarin Balogun နဲ့ Australia နောက်ခံလူ Harry Souttar တို့ ကွင်းလယ်မှာ ပြဿနာတက်ခဲ့ကြပါတယ်။ Souttar က Balogun ကို UFC ကစားသမားတစ်ဦးလို နောက်ကနေ လည်ပင်းကိုချုပ်ခဲ့တဲ့အတွက် ဒိုင်လူကြီးက Souttar၊ Balogun နှင့် Italiano တို့ကို အဝါကတ်ပြသခဲ့ပါတယ်။
ဒီနေ့ပွဲကို နာမည်ကျော်အမေရိကန်ဘောလုံးကစားသမားဟောင်း Marshawn Lynch ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုခဲ့ပါတယ်။ ပွဲပြီးကာနီး ဒုတိယပိုင်းအပြီး နာကျင်ချိန်ပို ၃ မိနစ်မှာ ကွင်းလယ်ဒိုင်လူကြီးကိုယ်တိုင် ခြေသလုံးကြွက်တက်သွားခဲ့ပြီး Australia ကစားသမား Aiden O'Neill က ခြေထောက်ဆွဲဆန့်ပြီး ကူညီပေးခဲ့ပါတယ်။
ပွဲကြည့် ပရိသတ် များက Bon Jovi ရဲ့ “Livin’ on a Prayer” နဲ့ John Denver ရဲ့ “Take Me Home, Country Roads” သီချင်းတွေကို အတူတကွ သီဆိုကာ အောင်ပွဲခံခဲ့ပါတယ်။ ထို့အပြင် အသင်းသားများဟာ ပွဲမတိုင်မီမှာလည်း စုပေါင်းဆုတောင်းခဲ့ကြပြီး ပွဲအပြီးမှာလည်း အောင်ပွဲအတွက် ကျေးဇူးတင်ဆုတောင်းခဲ့ကြောင်း အသင်းဘက်က မျှဝေထားပါတယ်။
Source: ESPN, Fox Sport




Comments