အသင်းခေါင်းဆောင် Son Heung-Min ဂိုးရနိုင်တဲ့အခွင့်အရေး ၆ ကြိမ်တိုင်လွဲချော်ခဲ့ပေမယ့် တောင်ကိုရီးယားက ချက်ကို ၂-၁ ဂိုးနဲ့နိုင်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်
- thevoiceofchinland
- Jun 12
- 1 min read
VOC/ Sports/ June 12, 2026
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု A အဖွင့်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် ၂၅ တောင်ကိုရီးယားလက်ရွေးစင်အသင်းဟာ ကမ္ဘာ့အဆင့် ၄၀ ရှိတဲ့ ချက်လက်ရွေးစင်ဘောလုံးအသင်းကို ၂-၁ နဲ့ အနိုင်ရရှိအောင် ပွဲကို ပြောင်းလဲနိုင်ခဲ့ပါတယ်။
ချက်အသင်းက Ladislav Krejci က ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးသွင်းယူပြီးနောက် ရှစ်မိနစ်အကြာမှာ Hwang In-beom က တောင်ကိုရီးယားအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။
Tomas Soucek က သူ့အသင်းရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ထင်ခဲ့ပေမယ့် လူကျွံဘောကြောင့် ဂိုးမပေးခဲ့ရပါဘူး။ သရေကျနေပြီး အကြိတ်အနယ်ဖြစ်နေရာက ပွဲချိန် ၆၉ မိနစ်မှာတော့ တောင်ကိုရီးယားအသင်းဘက်က Oh Hyeon-gyu က ချက်ကို အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂-၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ အသင်းခေါင်းဆောင် Son Heung-Min ဟာ ချက်ဘက်ကို ဂိုးသွင်းနိုင်ဖို့ အခွင့်အရေး ၆ ကြိမ်တောင် ရရှိပြီး လွဲချော်ခဲ့တဲ့အတွက် ပရိသတ်တွေက အားမလိုအားမရဖြစ်နေခဲ့ပါတယ်။
တောင်ကိုရီးယား အမျိုးသားဘောလုံးအသင်းဟာ FIFA ကမ္ဘာ့ဖလားပြိုင်ပွဲကို စုစုပေါင်း ၁၂ ကြိမ် တက်ရောက်ထားပြီး ၁၉၈၆ ခုနှစ်ကစပြီး ၂၀၂၆ ခုနှစ်အထိ ၁၁ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိထားတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။
Source: Fox Soccer




Comments