top of page

အသက် ၄၁ နှစ်အရွယ် ရောနယ်ဒို ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ပွဲထွက်ကစားတဲ့ Outfield Player အဖြစ် မှတ်တမ်းဝင်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 19
  • 1 min read

*ရောနယ်ဒို ဂိုးမသွင်းနိုင်ခဲ့သလို ရေပန်းစားပေမယ့် အာဖရိက အောက်သင်း DR ကွန်ကို နဲ့ တစ်မှတ်စီခွဲယူခဲ့တဲ့ အသင်းကြီး ပေါ်တူဂီ ( Portugal 1-1 DR Congo)


VOC/ Sports/ June 18, 2026


၂၀၂၆ ကမ္ဘာ့ဖလား Group K အဖွင့်ပွဲစဉ်မှာ ရေပန်းစားအသင်းတစ်သင်းဖြစ်တဲ့ ပေါ်တူဂီဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အာဖရိက အောက်အသင်း DR ကွန်ကိုနဲ့ ၁-၁ ဂိုး သရေကျခဲ့ပါတယ်။

ဒီပွဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရောနယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်ဆက် ပါဝင်ကစားတဲ့ ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီစံချိန်ကို အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက တစ်ရက်စောပြီး ရရှိထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၁ နှစ် ၁၃၂ ရက်ရှိပြီဖြစ်တဲ့ ရောနယ်ဒိုဟာ DR ကွန်ကိုနဲ့ ပွဲမှာ ပွဲထွက်ကစားခဲ့ပြီး FIFA ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပွဲထွက်ကစားတဲ့ အသက်အကြီးဆုံး outfield player အဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

ပွဲအစ ၆ မိနစ်မှာ Pedro Neto ရဲ့ ဖန်တီးပေးမှုကနေ João Neves က ခေါင်းတိုက်သွင်းယူပြီး ပေါ်တူဂီကို ဦးဆောင်ဂိုး ရရှိစေခဲ့ပါတယ်။ ပေါ်တူဂီဟာ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းခန့်အထိ ရယူနိုင်ခဲ့ပေမယ့် DR ကွန်ကိုရဲ့ ခံစစ်နဲ့ တန်ပြန်တိုက်စစ်တွေကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပါတယ်။

ပထမပိုင်းနာကျင်အချိန်ပိုမှာ DR ကွန်ကိုဘက်က Yoane Wissa ခေါင်းတိုက်ဂိုး သွင်းယူခဲ့တာကြောင့် ပထမပိုင်းကို ၁-၁ နဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပေါ်တူဂီက အနိုင်ဂိုးအတွက်ဆက်တိုက်ဖိအားပေးခဲ့ပြီး ၅ မိနစ်မှာ João Cancelo သွင်းယူခဲ့တဲ့ဂိုးကို VAR စစ်ဆေးမှုအပြီး လူကျွံဘောအဖြစ် ပယ်ဖျက်ခဲ့ပါတယ်။

၆၉ မိနစ်မှာ ရောနယ်ဒိုရဲ့ ကန်ချက် ဂိုးတိုင်ဘေးကပ်ထွက်သွားခဲ့သလို ၇၄ မိနစ်မှာလည်း ၎င်းရဲ့ အားပြင်းကန်ချက်ကို DR ကွန်ကို ခံစစ်က တားဆီးနိုင်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ Bruno Fernandes အနိုင်ဂိုးသွင်းခွင့် ရခဲ့ပေမယ့် ဂိုးတိုင်ဘေးကပ်ထွက်သွားခဲ့တာကြောင့် ပွဲဟာ ၁-၁ သရေနဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။

ဒီရလဒ်အပြီးမှာ ရောနယ်ဒိုနဲ့ ပေါ်တူဂီနည်းပြ Roberto Martínez တို့ နှစ်ဦးစလုံး ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။ ရောနယ်ဒိုကို ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဝေဖန်နေကြသလို၊ Martínez ကိုလည်း ရောနယ်ဒို ခြေစွမ်းမပြနိုင်ချိန်မှာ လူစားမလဲခဲ့တာနဲ့ နည်းဗျူဟာပိုင်း အားနည်းခဲ့တာကြောင့် ပရိသတ်နဲ့ ဘောလုံးဝေဖန်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။

ပွဲအပြီးမှာ နာမည်ကြီး streamer IShowSpeed က “ဒါက ပထမဆုံးပွဲပဲ ဖြစ်တယ်။ အာဂျင်တီးနားတောင် ၂၀၂၂ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ ရှုံးခဲ့ဖူးတယ်” လို့ ရောနယ်ဒိုကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ တစ်ဖက်မှာတော့ DR ကွန်ကို ပရိသတ်အချို့က ရောနယ်ဒိုကို “Messi” လို့ အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။


Source: ESPN



 
 
 

Comments


bottom of page