top of page

အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ* သမ္မတ အိမ်ဖြူတော်မှာ ငြိမ်းချမ်းရေး သင်္ကေတအဖြူရောင်မီးခိုးများ မြင်တွေ့ရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 14 2026


အမေရိကန်နှင့် အီရန်တို့ဟာ ၁၅ ပတ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခများကို ချက်ချင်းရပ်ဆိုင်းရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှဘတ်ဇ် ရှာရစ်ဖ်က ပြောပါတယ်။

သမ္မတ ထရမ့်ကလည်း သဘောတူညီမှု ရရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မယ့်အပြင် အီရန်ဆိပ်ကမ်းများအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုလည်း ရုပ်သိမ်းမယ်လို့ Truth Social တွင် ဇွန် ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အီရန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ဟာ အပြီးအပိုင် အခမဲ့အသုံးပြုခွင့်ဖြစ်ကြောင်းနဲ့ အရေးပါတဲ့ သင်္ဘောလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ခြင်းက အဓိက အောင်မြင်မှုဖြစ်တယ်လို့ The New York Times သတင်းစာနဲ့ ဖုန်းအင်တာဗျူးမှာ သူက ပြောဆိုပါတယ်။ အီရန်ဟာ ပဋိပက္ခမတိုင်မီကလည်း အခွန်ကောက်ခံခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီသဘောတူညီမှုကို လာမယ့်သောကြာနေ့ ဆွစ်ဇာလန်နိုင်ငံမှာ လက်မှတ်ရေးထိုးပြီး တနေ့တည်းမှာပဲ စတင်အသက်ဝင်မယ်လို့ နှစ်ဘက်အစိုးရက ကြေညာထားပါတယ်။

အီရန် နိုင်ငံခြားရေးဒုဝန်ကြီး Kazem Gharibabadi ကလည်း သောကြာနေ့မှာ လက်မှတ်ရေးထိုးမှာဖြစ်ကြောင်းနဲ့ အမေရိကန်ဘက်က ပိတ်ဆို့ထားတဲ့ ဘီလီယံနဲ့ချီတဲ့ အီရန်ပိုင်ငွေတွေကို ပြန်ဖွင့်ပေးဖို့ အမေရိကန်က သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif ကလည်း ညှိနှိုင်းမှု ပြီးစီးသွားပြီလို့ X မှာ ရေးသားထားပါတယ်။

သို့သော် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ယူရေနီယံဖယ်ရှားရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို နှစ်နိုင်ငံအကြား ဆက်လက်ဆွေးနွေးသွားရမယ်လို့ သိရပါတယ်။

နှစ်ဘက်ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိကြောင်း ကြေညာမှုကို ယူကေဝန်ကြီးချုပ် Keir Starmer နဲ့ ပြင်သစ်ဝန်ကြီးချုပ် Emmanuel Macron ကလည်း ကြိုဆိုကြောင်း ပြောဆိုထားပါတယ်။

သမ္မတ အိမ်ဖြူတော်မှာ အဖြူရောင်မီးခိုးများ မြင်တွေ့ရပြီး အစဉ်အလာအရ ငြိမ်းချမ်းရေးသဘောတူညီချက်အသစ် လက်မှတ်ရေးထိုးပြီးကြောင်းကို ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။


Source: truth social, X, Reuter



 
 
 

Comments


bottom of page