top of page

အမေရိကန် သမ္မတအိမ်ဖြူတော်အနီး သေနတ်ပစ်ခတ်မှူ ထပ်မံဖြစ်ပွား

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ 23 May 2026


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော် အပြင်ဘက် လုံခြုံရေးဂိတ်တစ်ခုမှာ သေနတ်သမားတစ်ဦးက ယနေ့ ​စနေနေ့ညနေပိုင်းမှာခြောက်လုံးပြူးသေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လျှို့ဝှက်ထောက်လှမ်းရေး (Secret Service) အေးဂျင့်တွေက ပြန်လည်ပစ်ခတ်ပြီး နှိမ်နင်းခဲ့ရပါတယ်။

လျှို့ဝှက်ထောက်လှမ်းရေးအရာရှိများက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် သံသယရှိသူအား ထိမှန်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံ၌ပင် သေဆုံးသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာရှိ သတင်းထောက်တွေက အိမ်ဖြူတော်ဝန်းအနီးမှာ သေနတ်သံ ဒါဇင်နဲ့ချီ ကြားခဲ့ရတယ်လို့ ပြောပါတယ်။ CBS News ကလည်း ညနေ ၆ နာရီကျော်အချိန်မှာ သေနတ်သံ အချက် ၂၀ ခန့် ကြားခဲ့ရပြီး အဆိုပါအသံတွေဟာ အိုင်ဆင်ဟောင်ဝါ သမ္မတရုံးအဆောက်အအုံ (Eisenhower Executive Office Building) ရှိတဲ့ ဘက်ကနေ ထွက်ပေါ်လာတာလို့ ဖော်ပြထားပါတယ်။

အိမ်ဖြူတော်ဝန်းအတွင်း တိုက်ရိုက်ထုတ်လွှင့် (Live) ရိုက်ကူးနေတဲ့ သတင်းထောက်တွေဟာ သေနတ်သံတွေကြောင့် ကင်မရာရှေ့မှာတင် ဝပ်နေခဲ့ကြရပါတယ်။ ထို့နောက် လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်တွေက ၎င်းတို့အား သတင်းစာရှင်းလင်းပွဲခန်းမ (Press Briefing Room) အတွင်းသို့ အရေးပေါ် ရွှေ့ပြောင်းခိုလှုံစေခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း အနီးအနားရှိ လမ်းသွားလမ်းလာ အနည်းဆုံးတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး အခြားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်အတွင်း၌ ရှိနေခဲ့ပါတယ်။ ရုတ်တရက်ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် အိမ်ဖြူတော်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပြီး လက်ရှိမှာ အိမ်ဖြူတော်နယ်မြေတစ်ခုလုံးကို လုံခြုံရေးအဆင့်အမြင့်ဆုံး တိုးမြှင့်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။


Source: CBS



 
 
 

Comments


bottom of page