အမေရိကန်မှာမွေးဖွားသူတွေကို မွေးရာပါနိုင်ငံသားဖြစ်ခွင့်ရဖို့အတွက် တရားရုံးချုပ် ဆုံးဖြတ်ချက်ချမှတ်
- thevoiceofchinland
- Jul 2
- 1 min read
VOC/ June 30, 2026
အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားတဲ့ ကလေးသူငယ်အားလုံးနီးပါးကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ မွေးရာပါနိုင်ငံသားဖြစ်ခွင့် အလိုအလျောက် အာမခံချက်ပေးဖို့ တရားလွှတ်တော်ချုပ်က ဖွန်လ ၃၀ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ Trump ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်း ပထမဆုံးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သမ္မတအမိန့်ညွှန်ကြားချက်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအမိန့်ညွှန်ကြားချက်ဟာ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေ ဒါမှမဟုတ် ယာယီဗီဇာနဲ့ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်နေသူတွေရဲ့ အမေရိကန်မြေပေါ်မှာ မွေးဖွားလာတဲ့ ကလေးတွေကို နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်ဖို့ ရည်ရွယ်ခဲ့တာပါ။
အောက်ရုံးတရားသူကြီးတစ်ဦးရဲ့ စကားအရ "ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သိသိသာသာ ဆန့်ကျင်နေတယ်" လို့ သုံးသပ်ခဲ့ကြတာကြောင့် ဒီသမ္မတအမိန့်ဟာ ဘယ်တုန်းကမှ အသက်ဝင်မလာခဲ့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အာမခံချက်မပေးထားဘူးလို့ Trump က ခုခံပြောဆိုထားပါတယ်။
တရားသူကြီးချုပ် Roberts က ပြည်တွင်းစစ်အပြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ၁၄ ခုမြောက် ပြင်ဆင်ချက် (Fourteenth Amendment) ကို ရေးဆွဲခဲ့သူတွေဟာ နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်ချင်သူတွေရဲ့ အမြင်တွေကို ပယ်ချပြီး၊ ရည်ရွယ်ချက်ရှိရှိနဲ့ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။
၁၄ ခုမြောက် ပြင်ဆင်ချက်ရဲ့ ရလဒ်စာသားမှာ "အမေရိကန်ပြည်ထောင်စုအတွင်း မွေးဖွားလာသူ သို့မဟုတ် ပြည်သူ့နီတိအကျုံးဝင်သူများနှင့် ယင်း၏ စီရင်ပိုင်ခွင့်အာဏာအောက်တွင် ရှိသူအားလုံးသည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားများ ဖြစ်ကြသည်" လို့ ဖော်ပြထားပါတယ်။
ဒီပြဋ္ဌာန်းချက်ဟာ ကျွန်ဘဝက လွတ်မြောက်လာသူတွေအတွက်သာ ရည်ရွယ်တာဖြစ်ပြီး "ကမ္ဘာတစ်ဝန်းလုံးက လူတွေ အမေရိကန်ပြည်ထောင်စုကို လာရောက်သိမ်းပိုက်ဖို့ မဟုတ်ဘူး" လို့ Trump ကတုံ့ပြန်ခဲ့ပါတယ်။
အင်္ဂါနေ့က တရားရုံးချုပ်မှာ ၆ မဲ - ၃ မဲ နဲ့ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အာမခံချက်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို သဘောမတူဘဲ ကန့်ကွက်ခဲ့ကြတဲ့ တရားသူကြီးတွေကတော့ Clarence Thomas, Neil Gorsuch နဲ့ Samuel Alito တို့ ဖြစ်ကြပါတယ်။
Source - Reuters, NPR







Comments