top of page

အမေရိကန်ဗဟိုဘဏ်ဥက္ကဌအဖြစ် Kevin Wash ကျမ်းသစ္စာကျိန်ဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/May 23,2026


အမေရိကန် Federal Reserve (ဗဟိုဘဏ်) ရဲ့ ဥက္ကဋ္ဌသစ်အဖြစ် Kevin Warsh ဟာ မေလ ၂၂ ရက်ကကျမ်းသစ္စာဆိုခဲ့ပါတယ်။

ဇနီးသည်ဖြစ်တဲ့ Estee Lauder အမွေဆက်ခံသူ Jane Lauder နဲ့ အတူ Warsh ဟာ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လာခဲ့ပြီး တရားလွှတ်တော်ချုပ် တရားသူကြီး Clarence Thomasက ကျမ်းသစ္စာကျိန်ဆိုပေးခဲ့ပါတယ်။

အိမ်ဖြူတော် East Room ခန်းမအတွင်း ဘဏ္ဍာရေးဝန်ကြီး Scott Bessent အပါအဝင် ထိပ်တန်းအစိုးရအဖွဲ့ တာဝန်ရှိသူများနဲ့ Warsh ရဲ့ ကာလကြာမိတ်ဆွေဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း Condoleezza Rice တို့ တက်ရောက်ခဲ့ပါတယ်။

ဗဟိုဘဏ်ဥက္ကဋ္ဌသစ် Warsh က အမေရိကန် ပြည်ထောင်စုဟာ ကြီးမားတဲ့အလှည့်အပြောင်းကာလ" သို့ ဝင်ရောက်နေပြီဖြစ်ပါတယ်။ငွေကြေးဖောင်းပွမှုများကို လျှော့ချပြီး ပိုမိုအားကောင်းသော စီးပွားရေးတိုးတက်မှုများနှင့်အတူ "အတိုင်းအဆမဲ့သော ဖွံ့ဖြိုးတိုးတက်မှုများ" ဆီသို့ဦးတည်သွားမယ်ဟု ကတိပြုခဲ့ပါတယ်။

ထို့အပြင် အတိတ်က အောင်မြင်မှုများနှင့် အမှားများဆီမှသင်ခန်းစာယူကာ"ပြုပြင်ပြောင်းလဲမှုကို အားပေးသော ဗဟိုဘဏ် (Reform-oriented Fed)" ဖြစ်လာစေရန် စွမ်းအင်အပြည့်ဖြင့် ဦးဆောင်သွားမယ်ဟု ပြောကြားခဲ့ပါတယ်။

​ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွင် သမ္မတ ထရမ့်က ဗဟိုဘဏ်၏ မူဝါဒများကို လွတ်လပ်စွာ လျှောက်လှမ်းရန် တိုက်တွန်းခဲ့ပါတယ်။ အတိုးနှုန်းများကို လျှော့ချပေးခြင်းမရှိဟုဆိုကာ ဥက္ကဋ္ဌဟောင်း Jerome Powell ကို အစဉ်တစိုက် ဝေဖန်ခဲ့တဲ့ Trump က Warsh အနေနဲ့ "မိမိအစိုးရအဖွဲ့ရဲ့ အပြည့်အဝ ပံ့ပိုးကူညီမှုကို ရရှိမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။


Source - Reuters



 
 
 

Comments


bottom of page