top of page

အမေရိကန်နဲ့တရုတ်ကလွဲရင် နိုင်ငံတိုင်းရဲ့ GDP ကို ကျော်တက်သွားတဲ့ NVIDIA ကုမ္ပဏီဈေးကွက်တန်ဖိုး

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ May 21, 2026


NVIDIA ကုမ္ပဏီရဲ့ဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅.၅ ထရီလီယံကို ကျော်လွန်ခဲ့ပြီး အမေရိကန်ရဲ့ GDP ဒေါ်လာ ၃၀.၇၇ ထရီလီယံနဲ့ တရုတ်နိုင်ငံက ဒေါ်လာ ၁၉.၆ ထရီလီယံတို့ကလွဲရင် နိုင်ငံတိုင်းရဲ့ GDP တွေထက်ပိုပြီး မြင့်မားနေပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ NVIDIA ဟာ ဝင်ငွေ ဒေါ်လာ ၂၁၆ ဘီလီယံနီးပါး နဲ့ အခမဲ့ငွေသားစီးဆင်းမှု(Free Cash Flow) ဒေါ်လာ ၉၆.၆ ဘီလီယံ ရရှိခဲ့ပြီး ၂ နှစ်အတွင်း FCF ဒေါ်လာ ၄၀၀ ဘီလီယံအထိ ရောက်ရှိလာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

အခုဆိုရရင် Alphabet ရဲ့ အမေရိကန်ဒေါ်လာ ၄.၇၆ ထရီလီယံ၊ Apple ရဲ့ အမေရိကန်ဒေါ်လာ ၄.၃၅ ထရီလီယံ၊ Microsoft ရဲ့ အမေရိကန်ဒေါ်လာ ၂.၂၉ ထရီလီယံ နဲ့ Amazon ရဲ့ အမေရိကန်ဒေါ်လာ ၂.၅ ထရီလီယံ တို့ထက် NVIDIA ဟာ ကျော်လွန်နေပါပြီ။

ဒါ့အပြင် ဒေါ်လာ ၅.၅ ထရီလီယံနဲ့ NVIDIA ဟာ ၂၀၂၅ ခုနှစ်က အကြမ်းဖျင်းတွက်ချက်မှုအရ ၂ ဂျာမနီရဲ့ GDP ဒေါ်လာ ၅.၀၁ ထရီလီယံ၊ ဂျပန်ရဲ့ GDP ဒေါ်လာ ၄.၃၄ ထရီလီယံ၊ ယူကေရဲ့ GDP ဒေါ်လာ ၄ ထရီလီယံ၊ အိန္ဒိယရဲ့ GDP ဒေါ်လာ ၃.၉၂ ထရီလီယံနဲ့ ပြင်သစ်ရဲ့ GDP ဒေါ်လာ ၃.၃၆ ထရီလီယံထက်လည်း ပိုမိုတန်ဖိုးရှိပါတယ်။

၂၀၂၅ ခုနှစ် ခန့်မှန်းချက်တွေအရ NVIDIA ဟာ ChatGPT ပုံစံ AI စနစ်တွေနဲ့ ကြီးမားတဲ့ AI ဒေတာစင်တာတွေကို စွမ်းအားပေးဖို့အတွက် GPU တွေကို ထောက်ပံ့ပေးခြင်းအားဖြင့် AI တိုးတက်မှုရဲ့ အဓိက ကျောရိုးဖြစ်လာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ တရုတ်နိုင်ငံကို စီးပွားရေးဆွေးနွေးပွဲ လိုက်သွားခဲ့တဲ့ နည်းပညာလောကရဲ့ ဆရာကြီး၊ Nvidia CEO ဂျန်ဆင်ဟွမ် (Jensen Huang) ကို သောကြာနေ့က ဘေဂျင်းလမ်းဘေးမှာ ခေါက်ဆွဲရပ်စားနေတုန်း အမှတ်မထင် တွေ့လိုက်ရပါတယ်။

ထိုင်ဝမ်မှာမွေးပြီး အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဒီဘီလီယံနာကြီးဟာ အဆင့်မြင့် အစည်းအဝေးတွေ ပြီးပြီးချင်းမှာပဲ သူ့ရဲ့ နာမည်ကျော် သားရေဂျာကင်အမည်းကြီးနဲ့ ဘေဂျင်းရိုးရာ ပဲငံပြာရည်ကြော်ခေါက်ဆွဲ (Zhajiangmian) ကို လမ်းဘေးမှာတင် မြိန်ရေရှက်ရေ အားပေးနေခဲ့တာပါ။


Source - Fossbyte, WSJ, X



 
 
 

Comments


bottom of page