အမေရိကန်က အီရန်ရှိ စစ်ရေးပစ်မှတ်များကို ထပ်မံတိုက်ခိုက်
- thevoiceofchinland
- Jun 12
- 1 min read
VOC/ 10 June 2026
အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်ဌာနချူပ် (Central Command)က အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်အများအပြားကို ကိုယ်ပိုင် ခုခံကာကွယ်ရေးအတွက် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဇွန် ၁၀ ရက်တွင်ထုတ်ပြန်ခဲ့ပါတယ်။
CENTCOM က အီရန်၏ စစ်ရေးစောင့်ကြည့်ထောက်လှမ်းရေးစနစ်များ၊ ဆက်သွယ်ရေးကွန်ရက်များနှင့် လေကြောင်းရန်ကာကွယ်ရေးနေရာများ ကို အမေရိကန် မရိန်းတပ်ဖွဲ့၊ လေတပ်နှင့် ရေတပ်တို့က တိကျသောလက်နက်များ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်တပ်ဖွဲ့များဟာ အမြဲအသင့် အနေအထားတွင် ရှိနေကြောင်းနှင့် အီရန်နိုင်ငံ ရဲ့ရန်လိုမှုများကို တုံ့ပြန်ခြင်းဖြစ်ကြောင်း CENTCOM က ထုတ်ပြန်ခဲ့ပါတယ်။
“ဟော်မုဇ်ရေလက်ကြား ပေါ်မှာ အမေရိကန် Apache ရဟတ်ယာဉ်တစင်းကို အီရန်က ပစ်ချခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ မဖြစ် မနေ ပြန်လည်တုံ့ပြန်ဖို့ လိုအပ်ပါတယ်။ အဲဒီမှာ လေသူရဲနှစ်ဦး ပါဝင်ခဲ့ပြီး နှစ်ယောက်စလုံး ဘေးကင်းကင်းနဲ့ ဒဏ်ရာ မရဘူး” လို့ထရမ့်ကသတင်းထောက်များ ကိုပြောကြား ခဲ့ပါတယ်။
အမေရိကန်သမ္မတ ရဲ့ညွှန်ကြားချက်အရ အီရန်ကိုအပြင်းအထန် ဗုံးကြဲတိုက်ခိုက်သွားမယ်၊ အီရန်စစ်ဆင်ရေးဆင်နွှဲနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ကျေးဇူးတင်ကြောင်း အမေရိကန် စစ်ဝန်ကြီး ပီ ဟက်ဆက်ဟာ က ပြောဆိုသွားပါတယ်။




Comments