top of page

အကြမ်းဖက်စစ်အုပ်စုကြောင့် ယခုနှစ်အတွင်းမှာ အမျိုးသမီး ၁၇၀ ကျော်သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 7
  • 1 min read

VOC/ May 6, 2026


အကြမ်းဖက်စစ်အုပ်စုကြောင့် ယခုနှစ်အတွင်းမှာ အမျိုးသမီး ၁၇၀ ကျော်သေဆုံးခဲ့ရပြီလို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) ကထုတ်ပြန်ပါတယ်။

ယခုနှစ်ဇန်နဝါရီ ၁ ရက် ကနေ မေ ၅ ရက်အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၁၇၄ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

အဲဒီသေဆုံးသူ အရေအတွက်ထဲမှာ အသက် ၁၈ နှစ်အောက် မိန်းကလေး ၃၆ ဦးပါဝင်တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုကြောင့်သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်း က ၄၂ ဦး နဲ့ သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပြီး ပဲခူးတိုင်း က သေဆုံးသူ ၄၀ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

သေဆုံးသူ ၁၇၄ ဦးထဲမှာ ၁၂၂ ဦး က အကြမ်းဖက်စစ်အုပ်စု ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာဖြစ် တယ်လို့ အေအေပီပီ က ဖော်ပြထားပါတယ်။



 
 
 

Comments


bottom of page