top of page

အကြမ်းဖက်စစ်တပ်ရဲ့ လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင် ၇၀ ကျော်ကို အညာမြေတပ်ပေါင်းစုက ဖမ်ဆီး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 1 min read

VOC/ June 6, 2026


မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ပြီး အကြမ်းဖက်စစ်တပ် ရဲ့ လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင် ၇၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။

ပေါက်ကိုယ်တော်လို့ လူသိများတဲ့ စစ်တပ်ဘောမဘုန်းကြီး (အာရိယာဝံသ) အားအထားရဆုံး ကုက္ကိုလ်စုပျူရွာကို ဇွန်လ ၄ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးအင်အား ရာချီရှိတဲ့ ကုက္ကိုလ်စုပျူရွာကို တိုက်ခိုက်သိမ်းပိုက်စဉ် အဆိုပါပျူစောထီးအဖွဲ့ဝင်တွေက အညံ့မခံဘဲ လက်နက်အပြည့်အစုံနဲ့ မြိုင် စက်မှု ၂ သို့ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလိုထွက်ပြေးတဲ့အတွက် တော်လှန်ရေးတပ်တွေက မနားတမ်း ကင်းထောက်တာ၊ တောနင်းရှာဖွေပြီးနောက် ဇွန်လ ၅ ရက်နေ့က ပေါက်နယ်တောတွင်းတနေရာမှာ အစုလိုက်ဖမ်းမိခဲ့ပြီး ၆၀ မမ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

လက်ရှိဖမ်းမိတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေအတိုင်း ဘေးကင်းစွာစောင့်ရှောက်ထားပြီး သူတို့ကို ဦးဆောင်သူ ကုက္ကိုလ်စုပျူခေါင်းဆောင်နဲ့ အတူ အကြမ်းဖက်စစ်တပ်ဖွဲ့ဝင် ၆ ဦးလွတ်မြောက်နေသေးတယ်လို့ အသိပေးထားပါတယ်။


Video- အညာမြေတပ်ပေါင်းစု



 
 
 

Comments


bottom of page