အီရန်လောင်စာဆီများကို ပါကစ္စတန်နယ်စပ်မှောင်ခိုဈေးကွက်မှ ရောင်းချသူများပြား(ရုပ်သံ)
- thevoiceofchinland
- 6 days ago
- 1 min read
VOC/ May 5, 2026
အီရန်ပြည်တွင်းက လောင်စာဆီတွေကို ပါကစ္စတန်နယ်စပ်မှောင်ခိုဈေးကွက်ကတဆင့် ဝယ်ယူပြီးရောင်းချသူတွေ ပိုမိုများပြားလာပါတယ်။ စစ်ဖြစ်နေချိန်မှာ အီရန်လောင်စာဆီတွေကို ဟော်မုဇ်ရေလက်ကြားကတဆင့် သယ်ယူပို့ဆောင်ရေးလုပ်ဖို့မလွယ်ကူတာကြောင့် ပါကစ္စတန်နယ်စပ်က ဆီမှောင်ခိုလုပ်ငန်းလုပ်သူတွေက ဈေးပေါပေါနဲ့ ဝယ်ယူပြီး ပြန်ရောင်းချတာဖြစ်ပါတယ်။
ဆီမှောင်ခိုလုပ်ငန်းတွေကို အရင်က အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မှ တက်ကြွစွာနှိမ်နင်းခဲ့ပေမယ့်အခုအခါ ထိန်းချုပ်မှုသိသိသာသာ အားနည်းလာပါတယ်။ အစီရင်ခံစာတွေအရ တရားမဝင်လောင်စာဆီတင်ပို့မှု မြင့်တက်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုမှာ ရေနံသိုလှောင်ရုံများ ပြည့်လျှံနေခြင်းကြောင့်ဖြစ်ပြီး ပိုလျှံနေတဲ့ထောက်ပံ့မှုတွေကို အခုလိုလမ်းကြောင်းတွေကတဆင့် သိုလှောင်မှုစနစ်မှ လမ်းကြောင်းပြောင်းတာဖြစ်ပါတယ်။
Source - Caliber.az




Comments