အီရန်နဲ့ နောက်ဆုံးသဘောတူညီမှုရယူနိုင်ဖို့ "Project Freedom" ကို ခေတ္တရပ်ထားမယ်လို့ အမေရိကန်ဆို
- thevoiceofchinland
- May 7
- 1 min read
VOC/ May 6, 2026
ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို လုံခြုံဘေးကင်းစွာ ဖြတ်သန်းနိုင်အောင် လမ်းညွှန်ပေးမယ့် "Project Freedom" အစီအစဉ်ကို အီရန်ကိုယ်စားလှယ်များနဲ့ ပြီးပြည့်စုံတဲ့နောက်ဆုံးသဘောတူညီမှုရယူဖို့အတွက် ခေတ္တရပ်ဆိုင်းထားမယ်လို့ အမေရိကန်သမ္မတ Donald Trump က ကြေညာလိုက်ပါတယ်။
“ပါကစ္စတန်နဲ့တခြားနိုင်ငံတွေရဲ့တောင်းဆိုမှု ၊ အီရန်အပေါ် စစ်ဆင်ရေးအတွင်းမှာ ကျွန်တော်တို့ရရှိပြီးတဲ့ ကြီးမားတဲ့စစ်ရေးအောင်မြင်မှုတို့အပြင် အီရန်ကိုယ်စားလှယ်တွေနဲ့ ပြီးပြည့်စုံတဲ့ နောက်ဆုံးသဘောတူညီချက်ကို ရရှိဖို့အတွက် ပိတ်ဆို့ခြင်းက ဆက်ရှိနေမယ်ဖြစ်ပေမယ့် Project Freedom (ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောများ ရွေ့လျားခြင်း) ကိုတော့ အချိန်တိုအတွင်း ရပ်ဆိုင်းထားဖို့ ကျွန်တော်တို့အပြန်အလှန်သဘောတူညီခဲ့ကြပါတယ်" လို့ ထရမ့်က Truth Social မှာ ရေးသားခဲ့ပါတယ်။
တနင်္ဂနွေညနေပိုင်းမှာ ကြေညာခဲ့တဲ့ Project Freedom ကို တနင်္လာနေ့က စတင်ခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ခေတ္တရပ်ဆိုင်းထားမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ရယူဖို့အတွက် ကြီးမားတဲ့တိုးတက်မှုဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
တဖက်မှာလည်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ဟာ အီရန်ရဲ့မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကို သွားရောက်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ဒေသတွင်းပြဿနာများကို တိုင်ပင်ဆွေးနွေးဖို့အတွက် မေလ ၆ ရက်နေ့ မနက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို ရောက်ရှိနေပါတယ်။
Source - Reuters




Comments