အီရန်က ကူဝိတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကိုဒုံးကျည်ဖြင့် တိုက်ခိုက်၊ အမေရိကန်စစ်တပ်က အီရန်ရဲ့ ကက်ရှမ်ကျွန်းကို လေကြောင်းကနေ တန်ပြန် တိုက်ခိုက်ခဲ့
- thevoiceofchinland
- 4 days ago
- 1 min read
VOC/ 2 June 2026
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကူဝိတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ရာ အလီအယ်လ်ဆလမ် လေတပ်အခြေစိုက်စခန်း (Ali Al Salem Air Base) ကို ဦးတည်၍ Fateh-110 အမျိုးအစား ပဲ့ထိန်းဒုံးကျည် (Ballistic Missiles) များဖြင့် ပစ်ခတ်ခဲ့တယ်ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားထဲက အီရန်ရဲ့ ကက်ရှမ်ကျွန်းကို "ပြန်လည် ခုခံကာကွယ်တဲ့အနေနဲ့" လေကြောင်းကနေ ဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ဒါ့အပြင် အမေရိကန်တပ်ဖွဲ့တွေဟာ "အီရန်ရဲ့ ဘာလစ်စတစ်ဒုံးကျည်တွေနဲ့ ဒရုန်းတော်တော်များများကို အောင်အောင်မြင်မြင် ချေမှုန်းနိုင်ခဲ့တယ်" လို့လည်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က X (တွစ်တာ) ပေါ်မှာ ထုတ်ပြန်ထားပါတယ်။
အမေရိကန်က အီရန်ပိုင် ကက်ရှမ်ကျွန်းကို အသစ်တဖန် ထပ်မံတိုက်ခိုက်နေချိန်မှာပဲ အီရန်ဘက်ကလည်း ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေဆီကို ဒုံးကျည်တွေနဲ့ လှမ်းပစ်ခဲ့ပါတယ်။
အဲ့ဒီနေ့ အစောပိုင်းတုန်းကလည်း အီရန်ဆိပ်ကမ်းတစ်ခုဆီ ဦးတည်မောင်းနှင်နေတဲ့ ဆီတင်သင်္ဘောတစ်စင်းကို ဟဲလ်ဖိုင်းယား (Hellfire) ဒုံးကျည်နဲ့ ပစ်ခတ်ပြီး "အသုံးမပြုနိုင်အောင် လုပ်ဆောင်ခဲ့တယ်" လို့ အမေရိကန်စစ်တပ်က ပြောထားပါတယ်။
အီရန်ဘက်က "ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေဆီကို ဘာလစ်စတစ်ဒုံးကျည်အများကြီးနဲ့ လှမ်းပစ်ခဲ့လို့" အခုလို ပြန်တိုက်ရတာဖြစ်ပြီး၊ အီရန်ပစ်တဲ့ဒုံးကျည်တွေအားလုံးဟာ "မှန်းထားတဲ့ပစ်မှတ်တွေကို တစ်ခုမှမထိခဲ့ဘူး" လို့ CENTCOM က ဆိုပါတယ်။
"ကူဝိတ်ဘက်ကို ပစ်ခဲ့တဲ့ အီရန်ဒုံးကျည်နှစ်စင်းက လမ်းတင်တင်တင် ပျက်ကျသွားတာ ဒါမှမဟုတ် ပျက်စီးသွားခဲ့ပြီး၊ ဘာရိန်းဘက်ကို ပစ်တဲ့ သုံးစင်းကိုတော့ အမေရိကန်နဲ့ ဘာရိန်း လေကြောင်းရန်ကာကွယ်ရေးအဖွဲ့တွေက ချက်ချင်း ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်" လို့လည်း CENTCOM က ပြောပါတယ်။
ကူဝိတ်နှင့် အမေရိကန် လေကြောင်းရန်ကာကွယ်ရေးစနစ်များက အီရန် ပစ်ခတ်တဲ့ ဒုံးကျည်များကို အချိန်မီ ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး၊ ဒုံးကျည်အပိုင်းအစများ ဟာလေတပ်စခန်းအတွင်းသို့ ကျရောက်ခဲ့သဖြင့် အမေရိကန်စစ်သည်အချို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသူ မရှိဟု သိရပါတယ်။
ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်မည့် အရပ်ဘက်ခရီးသည်တင် လေယာဉ်အများအပြား လမ်းကြောင်းလွှဲပြောင်းပျံသန်းခဲ့ရပါတယ်။
ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း အမေရိကန်နှင့် အီရန်စစ်ရေယာဉ်များအကြား တိုက်ရိုက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ပျက်ပြားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်။
Source: Aljazeera, Central command, x




Comments