top of page

အိမ်မှုကိစ္စလုပ်နိုင်ပြီး သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်နိုင်သော စက်ရုပ်များ တရုတ်ထုတ်လုပ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ May 22, 2026


တရုတ်နိုင်ငံထုတ် လူသားပုံစံ စက်ရုပ်များမှာ မကြာမီကာလအတွင်း အဝတ်လျှော်ခြင်း၊ အိပ်ရာခင်းခြင်းနဲ့ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်းတို့ကို လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

GigaAI ဟာ Hubei Humanoid Robot Innovation Centre ၊ Hubei Humanoid Robotics Industry Alliance တို့နဲ့ပူးပေါင်းပြီး နိုင်ငံရဲ့ အထွေထွေသုံး အိမ်သံဒး လူသားပုံစံ စက်ရုပ်မော်ဒယ် SeeLight S1 ကို ဗုဒ္ဓဟူးနေ့က မိတ်ဆက်ခဲ့ပါတယ်။

၂၀၂၇ ခုနှစ် ပထမနှစ်ဝက်အစောပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း Hubei ပြည်နယ်ရဲ့ မြို့တော် Wuhan မှာ မိသားစုတွေကို အခမဲ့စမ်းသပ်သုံးစွဲဖို့ သက်ရုပ်တွေ ပေးအပ်သွားမယ်လို့ GigaAI CEO Zhu Zheng က ပြောဆိုခဲ့တယ်လို့ Changjiang Daily သတင်းစာက ကြာသပတေးနေ့က ဖော်ပြပါတယ်။

ကုမ္ပဏီရဲ့ WeChat အကောင့်မှာ တင်ခဲ့တဲ့ သရုပ်ပြဗီဒီယိုဖိုင်တစ်ခုမှာ လက်နှစ်ဖက်ပါ ဘီးတပ်စက်ရုပ်သည် ဟင်းသီးဟင်းရွက်များ လှီးဖြတ်ခြင်း၊ ကြက်ဥကြော်ခြင်း၊ အဝတ်လျှော်စက်ထည့်ခြင်း၊ အဝတ်များချိတ်ဆွဲခြင်း၊ အိပ်ရာခင်းခြင်းနဲ့ ကန့်လန့်ကာများဖွင့်ခြင်းတို့ကို မြင်နိုင်ပါတယ်။

မနှစ်က ကမ္ဘာပေါ်ကထုတ်လုပ်သုံးစွဲသူတွေရဲ့ အိမ်သုံးစက်ရုပ်ဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။


Source -Tech in Asia



 
 
 

Comments


bottom of page