top of page

အိမ်ဖြူတော်အနီး သေနတ်သမားကို ဖမ်းဆီးရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 7
  • 1 min read

VOC/ May 5,2026


မေလ ၄ ရက်နေ့က အိမ်ဖြူတော်အနီးမှာ Secret Services ဌာနက အေးဂျင့်များနဲ့ လက်နက်ကိုင် လူတစ်ဦး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး အနီးကကလေးငယ်တစ်ဦး ဒဏ်ရာရသွားတယ်လို့ Secret Services က အတည်ပြုလိုက်ပါတယ်။

ပစ်ခတ်မှုမှာ အိမ်ဖြူတော်မှ မိုင်ဝက်ကျော်အကွာက ဝါရှင်တန်ကျောက်တိုင်အနီးရှိ ၁၅ လမ်းနဲ့ လွတ်လပ်ရေး ရိပ်သာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သံသယရှိဖွယ် လက်နက်ကိုင်ဆောင်လာသူ လူတစ်ဦးကို အေးဂျင့်များက တွေ့ရှိ ဖမ်းဆီးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး အနီးအနားရှိ ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

Secret Services ဌာနက လက်ထောက်ညွှန်ကြားရေးမှူး Matt Quinn က ပစ်ခတ်မှုတွေကြောင့် အရွယ်မရောက်သေးသူ ကလေးတစ်ဦးကို ကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရဘဲ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပစ်ခတ်မှုမဖြစ်ပွားခင်က ဒုသမ္မတ JD Vance ရဲ့ မော်တော်တန်းယာဉ်ဖြတ်သန်းသွား‌ပေမယ့် ပစ်ခတ်မှုနဲ့ ဆက်စပ်ခြင်းမရှိဘူးလို့ Quinn က အတည်ပြုခဲ့ပါတယ်။


Source - Fox News, PBS News



 
 
 

Comments


bottom of page