top of page

အိမ်ဖြူတော်မှာ UFC ပွဲကြည့်ရတာ မယုံနိုင်လောက်အောင်ပါပဲလို့ Joshua Van ပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 15 2026


UFC ဖလိုင်းဝိတ်ချန်ပီယံ Joshua Van က အိမ်ဖြူတော်မှာ ကျင်းပတဲ့ UFC Freedom 250 ပွဲကို တက်ရောက်ရတာအတွက် အရမ်းစိတ်လှုပ်ရှားနေပြီး “တကယ်ကို မယုံနိုင်လောက်အောင် ခံစားရတယ်” လို့ ပြောပါတယ်။

ပွဲမတိုင်ခင် အင်တာဗျူးမှာ Joshua Van က ဒီလို “အခွင့်အရေးသာ ရမယ်ဆိုရင် ကျွန်တော် မုချ ပါဝင်တိုက်ခိုက်မှာပါ။ ဒီလိုပွဲမျိုးကို သဘောကျပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် “ပွဲကိုကြည့်ရမှာနဲ့ ရလဒ်ဘယ်လိုထွက်မလဲဆိုတာ မြင်ရမှာကို စိတ်လှုပ်ရှားနေပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသား UFC ချန်ပီယံ Joshua Van ဟာ အိမ်ဖြူတော်မှာ ကျင်းပတဲ့ သမိုင်းဝင် UFC ပွဲကြီးကို တက်ရောက်ခွင့်ရတဲ့ တိုက်ခိုက်ရေးသမားတွေထဲက တစ်ဦးဖြစ်ပြီး “ဒီနေရာမှာ ရှိနေရတာကိုပဲ မယုံနိုင်လောက်အောင် ခံစားရတယ်” လို့ ပြောခဲ့ပါတယ်။


Source UFC




 
 
 

Comments


bottom of page