top of page

အိမ်ဖြူတော်တွင် ကျင်းပမည့် UFC Freedom 250 ပွဲမတိုင်မီ ပျံသန်းခဲ့တဲ့ အမေရိကန်လင်းယုန်ငှက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 14 2025


အိမ်ဖြူတော်မှာ ကျင်းပမယ့် သမိုင်းဝင် UFC Freedom 250 ပြိုင်ပွဲမတိုင်မီ အမေရိကန်နိုင်ငံရဲ့ အမျိုးသားအထိမ်းအမှတ်ဖြစ်တဲ့ “Challenger” အမည်ရ လင်းယုန်ငှက်ကြီး (Bald Eagle) က အထူးအစီအစဉ်တစ်ရပ်အဖြစ် ပျံသန်းပြသခဲ့ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ UFC Freedom 250 ပွဲမှာ လင်းယုန်ငှက်ကြီး ပါဝင်ပျံသန်းပြသခဲ့တာဟာ ပွဲရဲ့ ထူးခြားတဲ့ အခမ်းအနားတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အမျိုးသားသင်္ကေတကို ဂုဏ်ပြုတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

အတောင်ပံအကျယ် ၇ ပေခွဲခန့်ရှိတဲ့ လင်းယုန်ငှက်ကြီးဟာ အမေရိကန်နိုင်ငံတော်သီချင်း ဖွင့်လှစ်ချိန်အတွင်း အိမ်ဖြူတော်တောင်ဘက်မျက်ခင်းပြင်မှာ တည်ဆောက်ထားတဲ့ Octagon ကြိုးဝိုင်းအပေါ်မှ ပျံသန်သခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

အဆိုပါပွဲဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ် အိမ်ဖြူတော်အတွင်း UFC ပြိုင်ပွဲ ကျင်းပတာဖြစ်ပြီး အဓိကပွဲစဉ်အဖြစ် UFC ပေါ့ဝိတ်တန်း ချန်ပီယံဆုအတွက် အီလီယာ တိုပူရီးယားနဲ့ ဂျက်စတင် ဂေသ်ဂျီတို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရမ့် ဟာ ဇွန် ၁၄ ရက်တွင် အသက် ၈၀ ပြည့်မြောက်ခဲ့ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသည့် အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အမေရိကန် သမ္မတ Donald Trump ရဲ့ ၈၀ နှစ်မြောက် မွေးနေ့နဲ့ လွတ်လပ်ရေးကြေငြာစာတမ်း လက်မှတ်ရေးထိုးခြင်း ၂၅၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် UFC Freedom 250 ပွဲစဉ်ကို ဒီည တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

အဆိုပါပွဲကို သမ္မတ ထရမ့်နဲ့ အစိုးရထိပ်တန်းတာဝန်ရှိသူ ဧည့်သည် ၅,၀၀၀ ကျော် တက်ရောက်ကြမှာဖြစ်ပြီး အိမ်ဖြူတော်အနီးရှိ Ellipse ပန်းခြံမှာလည်း ပရိသတ်အများအပြား စုဝေးကြည့်ရှုခဲ့ကြပါတယ်။

UFC Freedom 250 ကို Paramount+ မှာသာ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပြီး EST/PST ညနေ ၅ နာရီမှာ စတင်မှာဖြစ်ပါတယ်။ CBS ကလည်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။


Source: Whitehouse



 
 
 

Comments


bottom of page