top of page

အိမ်ဖြူတော်ကဦးဆောင်ကျင်းပမယ့် Freedom 250 Fan Fest မှာ Joshua Van ပါဝင်မည်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 19
  • 1 min read

VOC/ May 19, 2026


ဇွန်လ ၁၃ ၊ ၁၄ ရက်များမှာ အိမ်ဖြူတော်နဲ့ ဝါရှင်တန်ဒီစီက ဦးဆောင်ကျင်းပမယ့် Freedom 250 Fan Fest ပွဲတော်မှာ Joshua Van အပါအဝင် UFC ချန်ပီယံများ၊ ကစားသမားများရဲ့ ပွဲစဉ်များလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီပွဲတော် မှာ Joshua Van နဲ့ တွေ့ဆုံနှုတ်ဆက်ပွဲ အစီစဉ်ကို ထိပ်ဆုံးက ဖော်ပြထားတာဖြစ်ပြီး လက်မှတ်တွေကို မေလ ၁၈ ရက် မနက် ၁၀ နာရီမှ မေလ ၂၂ ရက် ည ၁၁:၅၉ နာရီအထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

UFC FREEDOM 250 ဟာ အိမ်ဖြူတော်က ဦးဆောင်တဲ့ Freedom 250 နဲ့ ခရိုင်ဦးဆောင်သော DC250 အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

UFC အားကစားသမားများနဲ့ WWE စူပါစတားများပါဝင်တဲ့ တိုက်ရိုက်ပွဲများ၊ နာမည်ကြီးများနဲ့ တွေ့ဆုံနှုတ်ဆက်ပွဲများ၊ တိုက်ရိုက်တေးဂီတ‌ေဖျာ်‌ေဖြမှုတို့ ပါဝင်ပါတယ်။

ပါဝင်တဲ့ကစားသမားစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပြီး အခြေအနေအရ ပြောင်းလဲမှု ရှိနိုင်ပါတယ်။

Joshua Van – UFC ဖလိုင်းဝိတ်ချန်ပီယံ

Carlos Ulberg – UFC လိုက်ဟဲဗီးဝိတ်ချန်ပီယံ

Mackenzie Dern – UFC စတော်ဝိတ်ချန်ပီယံ

Charles Oliveira – UFC လိုက်ဝိတ်ချန်ပီယံဟောင်း

Dustin Poirier – ယာယီ UFC လိုက်ဝိတ်ချန်ပီယံဟောင်း

Merab Dvalishvili – UFC ဘန်တမ်ဝိတ်ချန်ပီယံဟောင်း

Chris Weidman – UFC မစ်ဒယ်ဝိတ်ချန်ပီယံဟောင်း

Henry Cejudo – UFC ဖလိုင်းဝိတ်နှင့် ဘန်တမ်ဝိတ်ချန်ပီယံဟောင်း

Kamaru Usman – UFC ဝဲလ်တာဝိတ်ချန်ပီယံဟောင်း

Cody Garbrandt – UFC ဘန်တမ်ဝိတ်ချန်ပီယံဟောင်း

Miesha Tate – UFC ဘန်တမ်ဝိတ်ချန်ပီယံဟောင်း

Alexandre Pantoja – UFC ဖလိုင်းဝိတ်ချန်ပီယံဟောင်း

Sean Brady – အဆင့် ၆ UFC ဝဲလ်တာဝိတ်ပြိုင်ဘက်

Josh Emmett – UFC ဖဲယားဝိတ်

Joe Pyfer – အဆင့် ၆ UFC မစ်ဒယ်ဝိတ်ပြိုင်ဘက်

Tatiana Suarez – အဆင့် ၂ UFC စတော်ဝိတ်ပြိုင်ဘက်

Youssef Zalal – အဆင့် ၈ UFC ဖဲယားဝိတ် ပြိုင်ပွဲဝင်

Caio Borralho – အဆင့် ၄ UFC middleweight ပြိုင်ပွဲဝင်

Jean Silva – အဆင့် ၆ UFC featherweight ပြိုင်ပွဲဝင်

Natalia Silva – အဆင့် ၁ UFC flyweight ပြိုင်ပွဲဝင်

Stephen Thompson – UFC welterweight

Drew Dober – UFC lightweight

Gilbert Burns – UFC welterweight

Dustin Jacoby – UFC light heavyweight


Source - UFC



 
 
 

Comments


bottom of page