အိန္ဒိယဝန်ကြီးချုပ်နဲ့အီတလီဝန်ကြီးချုပ်တို့ရဲ့ လက်ဆောင်ပေးနေတဲ့ လူမှုမီဒီယာပို့စ်ကို အတိုက်အခံခေါင်းဆောင် ဝေဖန်
- thevoiceofchinland
- May 25
- 1 min read
VOC/ May 20, 2026
အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ အီတလီဝန်ကြီးချုပ် Giorgia Meloni တို့ကြား တွေ့ဆုံမှုမှာ နိုင်ငံရေးအငြင်းပွားစရာတစ်ခုအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ ဝန်ကြီးချုပ် Modi ရဲ့ ရောမခရီးစဉ်အတွင်း အီတလီဝန်ကြီးချုပ် Meloni ကို Melody toffee လက်ဆောင်ပေးနေတဲ့ ရုပ်သံတွေပေါ်ထွက်လာပြီးနောက် "Melodi" ဆိုပြီး လူမှုမီဒီယာမှာ ပျော်ရွှင်ဖွယ်Hashtag တစ်ခုဖြစ်လာခဲ့ပြီး ထောက်ခံသူတွေက နွေးထွေးသော သံတမန်ရေးဆိုင်ရာ အမူအရာတစ်ခုဟု ခေါ်ဆိုကြပေမယ့် အတိုက်အခံများက ဒီရုပ်သံဖိုင်ရဲ့ အချိန်ကိုက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
အတိုက်အခံခေါင်းဆောင်Rahul Gandhi က ဝန်ကြီးချုပ် Modi ကို ဝေဖန်ခဲ့ပြီး နိုင်ငံတွင်းမှာ စီးပွားရေးအကျပ်အတည်း၊ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ဖြစ်မှု နဲ့ ကျောင်းသားများမငြိမ်မသက်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဝန်ကြီးချုပ်ကတော့ "ဗီဒီယိုရိုက်ကူးရေးနဲ့အလုပ်များနေတယ်" လို့ စွပ်စွဲခဲ့ပါတယ်။ ဟု စွပ်စွဲခဲ့သည်။ ကွန်ဂရက်ဥက္ကဋ္ဌ Mallikarjun Kharge ကလည်း ဝန်ကြီးချုပ်ရဲ့ နိုင်ငံခြားခရီးစဉ်နဲ့ စီးပွားရေးဦးစားပေးမှုများနဲ့ပတ်သတ်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ အင်္ဂါနေ့က နော်ဝေးနိုင်ငံ၊ အော်စလိုမြို့က India-Nordic summit ကို တက်ရောက်ခဲ့ပြီး နော်ဒစ်ငါးနိုင်ငံဖြစ်တဲ့ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်၊ အိုက်စလန်နဲ့ ဒိန်းမတ်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
Source - NDTV




Comments