top of page

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မံဆောင်း(မဏိပူရမြစ်ကူး) တံတား မိုင်းခွဲခံရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 1 min read

VOC/ June 7, 2026


ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နဲ့ ရိခေါဒါရ်မြို့ကိုဆက်သယ်ထားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီး ပေါ်က မံဆောင်း(မဏိပူရမြစ်ကူး) တံတားကို ယနေ့ ဇွန်လ ၇ ရက် မနက်အစောပိုင်းမှာ အမည်မသိ အဖွဲ့တစ်ခုက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့ ဇွန်လ ၇ ရက် မနက် ၄ နာရီခွဲဝန်းကျင်မှာ ဆောက်လုပ်ဆဲဖြစ်တဲ့ အဲဒီတံတားရဲ့ ရေလယ်တိုင်တစ်ခုကို အမည်မသိ အဖွဲ့တစ်ခုက လျှပ်စစ်ရှော့တိုက် မိုင်းခွဲဖောက်ခွဲခဲ့တယ်လို့ မံဆောင်းတံတားနဲ့အနီးဆုံးကျေးရွာက Lamzang ZYA က ထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှုအရှိန် နဲ့ တုန်ခါမှုဒဏ်ကို လမ်ဇန်ကျေးရွာအထိ ခံစားခဲ့ရပြီး မြစ်အနီးမှာရှိတဲ့ တဲသွပ်ပြားအကာအချို့လည်း လွင့်စင်သွားတယ်လို့ဆိုပါတယ်။

မိုင်းဖောက်ခွဲမှုကြောင့် တံတားမှာ ပြိုကျပျက်စီးခြင်းမရှိပေမယ့် ပေါက်ကွဲမှုဖြစ်ပွားရာ တံတားတိုင်ခြေနှင့် အုတ်မြစ် (Foundation) အပိုင်းတို့မှာ ပုံမှာတွေ့ရအတိုင်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

ဒီမိုင်းဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ဒီမံဆောင်းတံတားဟာ တီးတိန်ကနေ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြိုကို သွားလာရာမှာ အဓိကအသုံးပြုနေရတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့ကလည်း မံဆောင်းတံဟားအဟောင်းကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်ဆီး ခဲ့တာကြောင့် ကျိုးကျပျက်စီးခဲ့ရပြီး ပြည်သူများအကြီးအကျယ်အခက်ကြုံခဲ့ကြရပြီးဖြစ်ပါတယ်။ ထိုကဲ့သို့ မံဆောင်း တံတားအဟောင်းဖျက်စီးခံရပြီးနောက် အနားမှာဆောက်လက်စတံတားတစ်စင်းကို ပြည်သူများက ကိုယ်ထူကိုယ်ထ ဖြင့် ယာယီတံတားများခင်းကာ အသုံးပြုနေကြရတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page