အီတလီဝန်ကြီးချုပ် မီလိုနီနဲ့ ဂျပန်ဝန်ကြီးချုပ် တာကာအီချီတို့ ရောမမြို့မှာ တွေ့ဆုံ
- thevoiceofchinland
- Jun 16
- 1 min read
VOC/ June 15 2026
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီနဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီတို့ဟာ အီတလီနိုင်ငံ ဒေသစံတော်ချိန် ဇွန်လ ၁၅ ရက်နေ့က ရောမမြို့မှာ G7 ထိပ်သီးအစည်းအဝေးမတိုင်မီ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ တွေ့ဆုံမှုအတွင်း ဒေသတွင်း လုံခြုံရေး၊ စီးပွားရေး တည်ငြိမ်မှုနဲ့ အင်ဒို-ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အီတလီနဲ့ ဂျပန် နှစ်နိုင်ငံအကြား ကာကွယ်ရေး၊ နည်းပညာ၊ အရေးပါတဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေနဲ့ ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာပါ။
နှစ်နိုင်ငံဆက်ဆံရေးကိုတော့ ယခုနှစ်အစပိုင်းကတည်းက "အထူး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး" (Special Strategic Partnership) အဆင့်အထိ မြှင့်တင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ယခု ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှုအပြီးမှာ နောက်ထပ် ထွက်ပေါ်လာမယ့် သဘောတူညီချက်အသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
Source: Reuters




Comments