အီတလီဝန်ကြီးချုပ်က မိမိနှင့် ဓာတ်ပုံတွဲရိုက်ဖို့ တောင်းပန်တိုးလျှိုးခဲ့ရတယ်ဆိုတဲ့ သမ္မတ ထရမ့်ရဲ့စကားကြောင့် နှစ်နိုင်ငံ သံတမန်ရေးရာတင်းမာမှုဖြစ်ပွား
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 19, 2026
လတ်တလောကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးအပြီး ဓာတ်ပုံရိုက်ရာမှာ အီတလီဝန်ကြီးချုပ် Giorgia Meloni က မိမိနဲ့ဓာတ်ပုံတွဲရိုက်ဖို့ "တောင်းပန်တိုးလျှိုး (begged) ခဲ့တယ်" ဆိုတဲ့ အမေရိကန် သမ္မတ ထရမ့်ရဲ့ ပြောဆိုမှုကြောင့် အမေရိကန်နဲ့ အီတလီနှစ်နိုင်ငံကြား သံတမန်ရေးရာ တင်းမာမှုများ မြင့်တက်နေပါတယ်။
သမ္မတ ထရမ့် က အီတလီရုပ်သံလိုင်း La7 နဲ့ အင်တာဗျူးမှာ အီတလီဝန်ကြီးချုပ်က ဓာတ်ပုံတွဲရိုက်ခွင့်ရဖို့ ဆန္ဒအလွန်ရှိနေလို့ သနားသဖြင့် ရိုက်ပေးခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီပြောဆိုမှုအတွက် ဝန်ကြီးချုပ် Meloni က လူမှုကွန်ရက်မှတစ်ဆင့် ဗီဒီယိုဖိုင်နဲ့ ချက်ချင်းတုံ့ပြန်ခဲ့ပြီး "မိမိအပါအဝင် အီတလီနိုင်ငံက မည်သူ့ကိုမျှ မည်သည့်အရာအတွက်မှ တောင်းပန်တိုးလျှိုးခြင်း မရှိ" လို့ ပြန်လည်ငြင်းဆိုခဲ့ပါတယ်။
သမ္မတ ထရမ့် ရဲ့ အခြေအမြစ်မရှိ လုပ်ကြံပြောဆိုမှုအပေါ် အံ့ဩမိကြောင်းနဲ့ ထရမ့် ရဲ့ အနောက်အုပ်စုရဲ့ ရန်သူတွေကို ပျော့ပျောင်းစွာ ဆက်ဆံပြီး မဟာမိတ်တွေအပေါ် အခုလို ပြုမူတာက စိတ်ပျက်စရာကောင်းတယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အီတလီ ကာကွယ်ရေးဝန်ကြီး Guido Crosetto ကလည်း ဝန်ကြီးချုပ်ဟာ မည်သူ့ကိုမျှ ဓာတ်ပုံတောင်းခံမည့်သူမျိုး မဟုတ်ကြောင်းနဲ့ ထရမ့်ရဲ့ မှတ်ချက်တွေက အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့အစည်း (Transatlantic Alliance) အပါအဝင် မည်သူ့ကိုမျှ အကျိုးမရှိစေကြောင်း X မှာ တုံ့ပြန်ခဲ့ပါတယ်။
သမ္မတ ထရမ့် ရဲ့အခုလို စော်ကားပုတ်ခတ်တဲ့ ပြောဆိုမှုကြောင့် လာမယ့် ဇွန်လ ၂၁ နဲ့ ၂၂ မှာ အမေရိကန်ကို သွားရောက်ဖို့စီစဉ်ထားတဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani ရဲ့ ခရီးစဉ်ကို အီတလီဘက်က ချက်ချင်းဖျက်သိမ်းလိုက်ပါတယ်။
Source - La7 , The Guardian, Reuters, x




Comments