top of page

အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ May 19 2026


၂၂ နှစ်ကြာ စောင့်မျှော်ခဲ့ရသည့် အာဆင်နယ်၏ ချန်ပီယံအောင်ပွဲကြောင့် မြန်မာအပါအဝင် တစ်ကမ္ဘာလုံးရှိ အာဆင်နယ် ပရိသတ်များ အောင်ပွဲခံ ပျော်ရွှင်နေကြပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်ဟာ ကစားဖို့ ၁ ပွဲကျန်သေးပေမဲ့ လက်ရှိ ၈၂ မှတ်ရထားပြီး၊ မန်စီးတီးနဲ့ ဘွန်းမတ်သ်အသင်းတို့ ၁-၁ ဂိုးနဲ့ သရေကျခဲ့တဲ့အတွက် အမှတ်ပေးဇယား အရ အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပါပြီ။ အာဆင်နယ်ပရိတ်သတ်တွေ ၂၂ နှစ်ကြာ စောင့်မျှော်ခဲ့ရတဲ့ အိပ်မက် ပြီးမြောက်ခဲ့ပါပြီ။

အာဆင်နယ်အသင်းသည် နှစ်ပေါင်း ၂၂ နှစ်အကြာတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့ပြီးနောက် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရှိ အာဆင်နယ်ပရိသတ် (ဂန်းနားများ) သည် အတိုင်းအဆမရှိ ဝမ်းသာပီတိဖြစ်ကာ အောင်ပွဲခံ ပျော်ရွှင်နေကြပါတယ်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စောင့်မျှော်မှုကို အဆုံးသတ်ကာ ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ အာဆင်နယ် အမာခံပရိသတ်များသည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သောင်းသောင်းဖြဖြ ဂုဏ်ပြုရေးသားနေကြသလို၊ လမ်းမများပေါ်တွင်လည်း အောင်ပွဲခံ ဆင်နွှဲမှုများ ပြုလုပ်လျက်ရှိကြပါတယ်။


Source: X, Premier league



 
 
 

Comments


bottom of page