top of page

အာဆီယံအဖွဲ့ဝင်အများစုက မြန်မာအပေါ်ကောင်းမွန်တဲ့အမြင်ရှိပြီး ၂ ဖွဲ့လောက်ကသာ သဘောထားတင်းမာဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 5, 2026


အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက မြန်မာအပေါ် ကောင်းမွန်တဲ့အမြင်ရှိပြီး နှစ်နိုင်ငံလောက်ကပဲ မြန်မာအပေါ် တင်းမာ တဲ့သဘောထားရှိတယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

အိန္ဒိယအစိုးရပိုင် နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ DD India နဲ့ တွေ့ဆုံမေးမြန်းချိန်မှာ မင်းအောင်လှိုင်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ အရင်ကဆက်ဆံရေးတမျိုးပြောင်းခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်းကနေ သဘောထားအမြင်တွေပြောင်းလဲလာတယ်လို့ မင်းအောင်လှိုင်ကပြောပါတယ်။

၂၀၂၅ ခုနှစ်ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ ဘယ်လိုမှငြင်းလို့မရဘူးလို့လည်း မင်းအောင်လှိုင်က သူကိုယ်တိုင်ဦးစီးကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲကို အမွှန်းတင်ပြောဆိုသွားခဲ့ပါတယ်။



 
 
 

Comments


bottom of page