top of page

ဟားခါး-ထန်တလန်ကြား အော်တိုတောင်ဝန်းကျင်ကို စစ်တပ်က ၅ ကြိမ်ဗုံးကြဲ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 5, 2026


ချင်းပြည် ဟားခါးမြို့နယ် နဲ့ ထန်လလန်မြို့နယ်အကြား ဟားခါး-ထန်တလန်လမ်းပိုင်းမှာတည်ရှိတဲ့ အော်တိုတောင် အနီးဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က ယနေ့နေ့လည်ပိုင်းက ၅ ကြိမ်ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

အော်တိုတောင်ဟာ ဟားခါး နဲ့ ထန်တလန်ကြားမှာရှိတဲ့ စစ်ရေးအရအချက်အချကျတဲ့ တောင်ကုန်းတစ်ခုဖြစ်ပြီး ချင်းပြည်(Chinland) အစိုးရတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။

ယနေ့ နေ့လည်ပိုင်း ၁၂ နာရီကနေ ၁၂ နာရီခွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်ဗုံးကြဲခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

“ ထန်တလန်ဘက် ထိုးစစ်စတော့မှာမို့လို့ အရင်လမ်းကြောင်းရှင်းတဲ့သဘောပဲ၊ လေကြောင်းကနေ အရင်ဗုံးကြဲမယ်၊ ဒရုန်းနဲ့ ဗုံးကြဲမယ် ၊ ပြီးရင် မြေပြင်ကနေစစ်ကြောင်းထိုးမယ့်သဘောလို့နားလည်ရတယ်” ဟု စစ်ရေးသတင်းရင်းမြစ် ကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ထန်တလန်မြို့ကို ထိုးစစ်ဆင်ဖို့ပြင်ဆင်နေပြီး ဇွန်လ ၃ ရက်နေ့ကလည်း ဟားခါးမြို့ကနေ စစ်ကားကြီး ၄ စီးဖြင့် စစ်အင်အား ၂၅၀ ခန့်ကို ဟားခါး - ထန်တလန်ကြားက သီမစ်လွင်ပြင်ဒေသကို ပို့ဆောင်ခဲ့ပါ တယ်။

အကြမ်းဖက်စစ်တပ်ဟာ သီမစ်လွင်ပြင်ဒေသမှာ ရိက္ခာ၊ လက်နက်ခဲယမ်းတွေကြိုတင်စုဆောင်းကာ ထန်တလန် ဘက်ကို ထိုးစစ်ဆင်ဖို့ စုဖွဲ့ပြင်ဆင်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။

ဟားခါး-ထန်တလန်ကြားမှာ စစ်ရေးစစ်ဗျူဟာအရ အရေးကြီးတဲ့နေရာဖြစ်တဲ့ အော်တိုတောင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ချင်းပြည်(Chinland) အစိုးရတပ်ဖွဲ့က Jericho စစ်ဆင်ရေးအမည်ဖြင့် တိုက်ခိုက်သိမ်း ပိုက်ခဲ့တာဖြစ်ပါတယ်။



 
 
 

Comments


bottom of page