သမ္မတနဲ့တွေ့ဆုံချိန်မှာ ပရိသတ်ထောင်ပေါင်းများစွာ ကြိုဆိုနှုတ်ဆက်ခံခဲ့ရတဲ့ K Pop အဖွဲ့ BTS
- thevoiceofchinland
- 5 days ago
- 1 min read
VOC/ May 8, 2026
မေလ ၇ ရက်နေ့က မက္က္ကဆီကိုသမ္မတ Claudia Sheinbaum နဲ့ K Pop အဖွဲ့ BTS တို့ရဲ့တွေ့ဆုံနှုတ်ဆက်ကြပြီး BTS ကို အားပေးတဲ့ပရိသတ်ထောင်ပေါင်းများစွာ မက္ကဆီကိုစီးတီးမြို့အတွင်း ပြည့်နှက်ခဲ့ပါတယ်။
Big Hit Music အေဂျင်စီရဲ့ ထုတ်ပြန်မှုအရ မက္ကဆီကိုသမ္မတနိုင်ငံရဲ့ တရားဝင်ဖိတ်ကြားမှုနဲ့ BTS အဖွဲ့ဟာ ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ မက္ကဆီကိုစီးတီးမှာ ကျင်းပမယ့် ဂီတဖျော်ဖြေပွဲကျင်းပတာဖြစ်ပြီး ပွဲမတိုင်ခင်မှာ သမ္မတ Claudia Sheinbaum နဲ့ တွေ့ဆုံနှုတ်ဆက်ကြတာ ဖြစ်ပါတယ်။
အဖွဲ့ဝင်တွေဟာ မက္ကဆီကိုသမ္မတနဲ့ မိနစ် ၄၀ ကြာ တွေ့ဆုံနှုတ်ဆက်ကြပြီး သမ္မတနန်းတော်ရဲ့ ဝရံတာကတစ်ဆင့် သမ္မတနဲ့ BTS အဖွဲ့ဝင်တွေဟာ လူအုပ်ကြီးကို အတူနှုတ်ဆက်ခဲ့ကြပါတယ်။ သမ္မတနန်းတော်ရှေ့က ဇိုကာလို (Zocalo) ရင်ပြင်တစ်ခုလုံးမှာ BTS ကို အားပေးကြိုဆိုနေတဲ့ ပရိသတ်ထောင်ပေါင်းများစွာ ပြည့်နှက်နေခဲ့ပါတယ်။




Comments