သမ္မတထရမ့် NBC သတင်းဌာနနဲ့ အင်တာဗျူးကို စိတ်ဆိုးပြီး ရုတ်တရက် အဆုံးသတ်ကာ ထွက်ခွာသွား* NBC၊ ABC၊ CBS နှင့် CNN တို့ကို "တဖက်စောင်းနင်း လူလိမ် လူညာ သတင်းဠာနများ" ဟုထရမ့် ဆို
- thevoiceofchinland
- Jun 8
- 1 min read
VOC/ June 7 2026
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ NBC သတင်းဌာနရဲ့ "Meet the Press" အစီအစဉ်မှာ သတင်းထောက် ခရစ္စတင် ဝဲလ်ကာ (Kristen Welker) နဲ့ အင်တာဗျူးပြုလုပ်စဉ် ရွေးကောက်ပွဲဆိုင်ရာ မဲခိုးမှူတွေ၊ တရားရေးဌာနရဲ့ ရန်ပုံငွေအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အချေအတင် စကားများခဲ့ရာကနေ အင်တာဗျူးကို ရုတ်တရက် အဆုံးသတ်ပြီး ထွက်ခွာသွားခဲ့ပါတယ်။
သမ္မတထရမ့်က ဒေါ်လာ ၁.၇၇၆ ဘီလီယံရန်ပုံငွေဟာ နိုင်ငံရေးအရ အငြိုးအတေးနဲ့ တရားစွဲဆိုခံရတယ်လို့ ယုံကြည်ထားသူတွေကို လျော်ကြေးပေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး၊ အဲဒီထဲမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ကွန်ဂရက်လွှတ်တော်စီးနင်းမှုမှာ ပါဝင်သူတချို့လည်း အကျုံးဝင်နေတာဟု ဒီအင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
အင်တာဗျူး တင်းမာလာတာကတော့ ရွေးကောက်ပွဲ မဲခိုးမှူရလဒ်နဲ့ ပတ်သက်တဲ့ သမ္မတရဲ့ စွပ်စွဲချက်တွေကို သတင်းထောက် ဝဲလ်ကာက မေးခွန်းထုတ်လိုက်တဲ့ အချိန်မှာပဲ ဖြစ်ပါတယ်။ "ဒီစွပ်စွဲချက်တွေကို ထောက်ခံနိုင်မယ့် အထောက်အထားမျိုး တရားရုံးတွေက မတွေ့ရှိခဲ့ပါဘူး" လို့ သတင်းထောက်က ထောက်ပြလိုက်တဲ့အခါ သမ္မတထရမ့်တစ်ယောက် စိတ်ပျက်ဒေါသထွက်သွားခဲ့ပါတယ်။
ထရမ့် က အမေရိကန် ရွေးကောက်ပွဲများနှင့် ပတ်သက်၍
နောက်ဆုံး အခြေအတင် အငြင်းပွားအပြီးတွင် NBC၊ ABC၊ CBS နှင့် CNN တို့ကို "တဖက်စောင်းနင်း လူလိမ် လူညာများ" ဟု လူတွေ့မေးမြန်းခန်းကို ရုတ်တရက် ဖြတ်တောက်ပစ်ခဲ့ပါတယ်။ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်၊ ကျေးဇူးပါပဲ— တစ်နာရီကြာ အင်တာဗျူးပြီးပြီ ဟု ပြောကာ ရုတ်တရက် ထွက်ခွါခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် သမ္မတထရမ့်ကသတင်းထောက်ကို "ခင်ဗျားကတော့ မရိုးသားတာလား၊ ဒါမှမဟုတ် တုံးအတာလား" လို့ ပြောဆိုခဲ့ပြီး အင်တာဗျူးကို ချက်ချင်းရပ်နားကာ ထွက်ခွာသွားခဲ့တာပါ။ အဲဒီအင်တာဗျူးမှာပဲ အီရန်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ အတိုးနှုန်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ အငြင်းပွားဖွယ် ရန်ပုံငွေအစီအစဉ် ဘယ်လိုဖြစ်လာသလဲဆိုတာတွေကိုပါ ဆွေးနွေးခဲ့ကြပါသေးတယ်။
Source: NBC




Comments