top of page

သမ္မတ ထရမ့်၏ စစ်မက်ဆင်နွှဲခွင့်အာဏာ (War Powers) ကို ကန့်သတ်ရန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 4, 2026


အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ အမေရိကန်အောက်လွှတ်တော် (House of Representatives) က သမ္မတ ထရမ့်၏ စစ်မက်ဆင်နွှဲခွင့်အာဏာ (War Powers) ကို ကန့်သတ်ရန် ယနေ့ ဇွန်လ ၃ ရက်နေ့က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

သမ္မတ Donald Trump ကို ဆန့်ကျင်ပြီး သုံးလကြာပဋိပက္ခကို အဆုံးသတ်ဖို့ ရီပတ်ဘလစ်ကန်တွေက ဒီမိုကရက်တစ်အမတ်များနဲ့ပူးပေါင်းခဲ့ပါတယ်။

အောက်လွှတ်တော်ဒီမိုကရက်အမတ်ဖြစ်တဲ့ Gregory Meeks ကလည်း “သမ္မတအနေနဲ့ မှန်ကန်တဲ့အရာကို လုပ်ဆောင်ဖို့ အချိန်တန်ပါပြီ။ ပြည်သူတွေဟာ သူ့ရဲ့ ရွေးချယ်မှုစစ်ပွဲ ၊ ဓာတ်ဆီဆိုင်မှာ ဒုက္ခခံစားနေရတာ၊ စူပါမားကတ်တွေမှာ ဒုက္ခခံစားနေရတာတွေကြောင့် ဒုက္ခတွေကို ငြီးငွေ့နေကြပါပြီ။” လို့ ပြောဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော်မှာ မဲပေးမှုမှာ ၂၁၅-၂၀၈ မဲ ရှိပေမယ့် နောက်တဆင့်မှာ မသေချာသေးပါဘဲ Trump အနေနဲ့ စစ်ဦးစီးချုပ်အာဏာသုံးပြီး ကွန်ဂရက်မှ မည်သည့်အစီအမံကိုမဆို ငြင်းပယ်ဖွယ်ရှိနေပါတယ်။

အခု မဲပေးဆုံးဖြတ်မှုဟာ အီရန်နဲ့ အမေရိကန်ရဲ့ စစ်ပွဲကို ထိန်းချုုပ်ဖို့ အောက်လွှတ်တော်က ကြိုးစားတဲ့ စတုတ္ထအကြိမ်ဖြစ်ပြီး ဒီမိုကရက်များသည် စစ်ပွဲအာဏာဆုံးဖြတ်ချက်ကို တွန်းအားပေးတိုင်း အမေရိကန်စစ်ပွဲနဲ့ ပတ်သက်တဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေ တိုးပွားလာပါတယ်။


Source - AP News



 
 
 

Comments


bottom of page