top of page

သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဖြစ်လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 2 min read

VOC/ June 5, 2025


၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲကြီးဟာ အသင်းပေါင်း ၄၈ သင်းအထိ တိုးမြှင့်လိုက်တာကြောင့် ပွဲစဉ်ပေါင်း ၁၀၄ ပွဲအထိ ရှိလာပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်လာပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင် ၃ နိုင်ငံ (အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ) က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပြီး ကမ္ဘာ့အဆင့်မီ အားကစားကွင်းကြီး ၁၆ ကွင်းမှာ ပွဲစဉ်တွေကို ခွဲဝေကျင်းပသွားမှာပါ။

ကျင်းပမယ့် အိမ်ရှင်နိုင်ငံတွေနဲ့ အားကစားကွင်း ၁၆ ကွင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 အမေရိကန်နိုင်ငံ (ကွင်း ၁၁ ကွင်း)

* နယူးယောက်/နယူးဂျာစီ – MetLife Stadium

* ဒါးလပ်စ် – AT&T Stadium

* အင်တလန်တာ – Mercedes-Benz Stadium

* လော့စ်အိန်ဂျလိစ် – SoFi Stadium

* ဆန်ဖရန်စစ္စကို – Levi's Stadium

* စီအက်တဲလ် – Lumen Field

* ဟူစတန် – NRG Stadium

* ဖီလာဒဲလ်ဖီးယား – Lincoln Financial Field

* ကန်ဆပ်စီးတီး – Arrowhead Stadium

* ဘော့စတွန် – Gillette Stadium

* မိုင်ယာမီ – Hard Rock Stadium

 မက္ကဆီကိုနိုင်ငံ (ကွင်း ၃ ကွင်း)

* မက္ကဆီကိုစီးတီး – Estadio Azteca (ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်မြောက် လက်ခံကျင်းပခွင့်ရတဲ့ ပထမဆုံး သမိုင်းဝင်အားကစားကွင်း)

* မွန်တာရေး – Estadio BBVA

* ဂွါဒါလဟာရာ – Estadio Akron

 ကနေဒါနိုင်ငံ (ကွင်း ၂ ကွင်း)

* ဗန်ကူးဗား – BC Place

* တိုရွန်တို – BMO Field

 ၂၀၂၆ ကမ္ဘာ့ဖလားနဲ့ပတ်သက်တဲ့ သိကောင်းစရာများ

* အိမ်ရှင်နိုင်ငံများ - သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကို (၃ နိုင်ငံ) ပူးတွဲကျင်းပတာ ဖြစ်ပါတယ်။

* ပြိုင်ပွဲကျင်းပမည့်ကာလ - စုစုပေါင်း ၃၉ ရက်ကြာ မြှင့်တင်ကျင်းပသွားမှာပါ။

* အဖွင့်ပွဲစဉ် - ဇွန်လ ၁၁ ရက်နေ့မှာ မက္ကဆီကိုစီးတီးမြို့မှာ စတင်ပါမယ်။

* ဗိုလ်လုပွဲစဉ် - အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

* ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်း - ပထမဆုံးအကြိမ်အဖြစ် ၄၈ သင်းအထိ တိုးမြှင့်လိုက်တာကြောင့် (၁၉၉၄ အမေရိကန်ကမ္ဘာ့ဖလားထက် နှစ်ဆပိုများလာခြင်း ဖြစ်ပါတယ်)။

* ပြိုင်ပွဲပုံစံ - အသင်း ၄ သင်းစီပါဝင်တဲ့ အုပ်စု ၁၂ စု ခွဲသွားမှာပါ။ ထို့နောက် အုပ်စုအဆင့်တက်လာတဲ့ အသင်းတွေက ၃၂ သင်း ရှုံးထွက်အဆင့်အဖြစ် ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 ပွဲကြည့်လက်မှတ်နှင့် ကုန်ကျစရိတ်များ

* လက်မှတ်ရောင်းချမှု - ၂၀၂Filter၅ ခုနှစ် အောက်တိုဘာလဆန်းမှာ ပထမအသုတ် စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

* ဝယ်ယူခွင့်လျှောက်ထားမှု - လက်မှတ်ဝယ်ယူခွင့်ရရှိဖို့အတွက် ပရိသတ် ၄ ဒသမ ၅ သန်းခန့် မဲနှိုက်ရွေးချယ်မှု (Lucky Draw) မှာ ပါဝင်ခဲ့ကြပါတယ်။

* ဗိုလ်လုပွဲ လက်မှတ်ဈေးနှုန်း - နေရာအမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ ၂,၀၃၀ မှ ၆,၀၀၀ အထိ ရှိပါတယ်။

 စိတ်ဝင်စားစရာ အချက်အလက်အချို့

ကွင်းတွင်း လာရောက်ကြည့်ရှုမည့်သူများ: ယခုပြိုင်ပွဲကြီးကို လာရောက်ကြည့်ရှုဖို့အတွက် နိုင်ငံဖြတ်ကျော်၊ ပြည်နယ်ဖြတ်ကျော် ခရီးသွားမယ့် ပရိသတ်ပေါင်း ၅ သန်းကနေ ၇ သန်းအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပြီး၊ ယင်းတို့အနက် ၄၀ ရာခိုင်နှုန်းခန့်ဟာ နိုင်ငံတကာ ခရီးသွားတွေ ဖြစ်လာမှာပါ။

ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှု: တစ်ကမ္ဘာလုံးက လူဦးရေရဲ့ ၇၃ ရာခိုင်နှုန်းခန့် (လူပေါင်း ၆ ဘီလီယံနီးပါး) ဟာ ရုပ်သံလွှင့်လိုင်းတွေနဲ့ ဒီဂျစ်တယ်မီဒီယာတွေကတစ်ဆင့် ဒီပြိုင်ပွဲကြီးကို စောင့်ကြည့်အားပေးကြလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။


Source: FiFa World Cup



 
 
 

Comments


bottom of page