top of page

သင်္ကြန်အတက်နေ့မှာ ပေါက်မြို့နယ်ကို အကြမ်းဖက်စစ်တပ်ဗုံးကြဲ ပြည်သူ ၂ ဦးသေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 16
  • 1 min read

မကွေးတိုင်း ပေါက်မြို့နယ် ဝန်လဲကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာမှာ ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက် နေ့လယ် ၂ နာရီခွဲမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးချကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုး ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးထဲက ၂ ဦးမှာ ဒဏ်ရာဆိုးရိမ်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အကြမ်းဖက်စစ်တပ်က မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝန်လဲကျေးရွာကို ဗုံးကြဲခဲ့တာဖြစ်ပြီး နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page