သခင်နဲ့အတူနေ့တိုင်းကျောင်းတက်ခဲ့တဲ့ခွေးလေးကို တက္ကသိုလ်က ဘွဲ့နှင်းသဘင်မှာ ဆုချီးမြှင့်
- thevoiceofchinland
- May 25
- 1 min read
VOC/ May 20, 2026
Texas Tech University ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ သခင်ဖြစ်သူ Makela Muse နဲ့အတူ နေ့တိုင်း ကျောင်းကိုလာပြီး စာသင်ခန်းထဲ ငြိမ်သက်စွာ ထိုင်နေတတ်တဲ့ German Shepherd ခွေးမလေး Sadie ကို တက္ကသိုလ်တာဝန်ရှိသူတွေကဆုချီးမြှင့်ခဲ့ပါတယ်။
Instagram မှာ တက္ကသိုလ်က Sadie ကို ဆုချီးမြှင့်ပြီး လက်ဆွဲနှုတ်ဆက်နေတဲ့ ရုပ်သံဖိုင်ကို Texas Tech Universityက ဝေမျှထားပါတယ်။
Makela Muse က စင်မြင့်ကို လျှောက်လာပြီး တက္ကသိုလ်အဓိပတိ Lawrence Schovanec နဲ့လက်ဆွဲ နှုတ်ဆက်နေတာကိုတွေ့ရပြီး သူမကို ဒီပလိုမာလက်မှတ် ချီးမြှင့်ပြီးနောက်မှာ ဘေးမှာအတူလိုက်ပါလာပေးတဲ့ သူမရဲ့ခွေးလေးကိုလည်း "Dogploma" ချီးမြှင့်တာကိုတွေ့ရပါတယ်။
ခွေးကလေးကိုတော့ အထူးဆုအနေနဲ့ အနီရောင်ဖဲကြိုးနဲ့ချည်နှောင်ထားတဲ့ အရိုးတစ်ခုကို ဆုတံဆိပ်အစား ဆွဲပေးလိုက်တာဖြစ်ပါတယ်။
ခွေးလေးကို ဆုချီးမြှင့်လိုက်တဲ့အချိန်မှာ ပရိသတ်များပွဲကျခဲ့ပြီး ဆုချီးမြှင့်တဲ့ရုပ်သံဖိုင်ကို မြင်ရတဲ့အသုံးပြုသူတွေကလည်း တက္ကသိုလ်ရဲ့လုပ်ရပ်ကို ချီးကျူးနေကြပါတယ်။
Source - ABC News




Comments