သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့ဖြင့် NUG တရားရုံးက သေဒဏ်ချမှတ်ထားတဲ့ တရားခံ မင်းမင်းစိုး ထွက်ပြေးလွတ်မြောက်နေဟု ဆို
- thevoiceofchinland
- Jun 16
- 1 min read
VOC/ June 15, 2026
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ဆောမြို့နယ်တရားရုံးက သေဒဏ်ချမှတ်ထားတဲ့ တရားခံ မင်းမင်းစိုး ထွက်ပြေးလွတ်မြောက် နေတယ်လို့ သိရပါတယ်။
တရားခံ မင်းမင်းစိုးဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့က ဆောမြို့က အသက် ၁၃ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦးကို အဓမ္မပြုကျင့်မှု၊ လူသတ်မှု နဲ့ အလောင်းဖျောက်ဖျက်မှုတွေကျူးလွန်ခဲ့တာကြောင့် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရ ဆောမြို့နယ်တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ ၊ ၂၀၁ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး အချိန် ၅ လကျော် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဧပြီလ ၂ ရက်နေ့မှာ သေဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
သို့သော် လက်ရှိမှာ သေဒဏ်ချမှတ်ခံထားရတဲ့ တရားခံ မင်းမင်းစိုးဟာ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ထွက်ပြေးလွတ် မြောက်နေတာ တစ်ပတ်ကျော်ခန့်ရှိနေပြီလို့ ယောဒေသအခြေစိုက် ယောအလင်းတန်းသတင်းဌာနက ဖော်ြပပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။




Comments