ဝန်ကြီးချုပ်ဆလိုင်းမျိုးထိုက်ဦးဆောင်တဲ့ ချင်းပြည်(Chinland)အစိုးရအဖွဲ့က ဒေသန္တရအစိုးရအဖွဲ့ရုံးစိုက်ရာဒေသသို့ ကွင်းဆင်း
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 21, 2026
ချင်းပြည်(Chinland) အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက် နဲ့ စီမံ/ဘဏ္ဏာဝန်ကြီး၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီးတို့ဟာ ဒေသန္တရအစိုးရအဖွဲ့ရုံးစိုက်ရာကို ကွင်းဆင်းပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ဦးဆောင်တဲ့ ချင်းပြည်(Chinland) အစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ဧပြီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ မတူပီမြို့နယ်၊ မတူပီကောင်စီနှင့်သော်လည်းကောင်း၊ ဇိုတုန်ဒေသ၊ Zotung Regional Council နှင့်သော်လည်းကောင်း ဒေသန္တရအစိုးရအဖွဲ့ရုံးစိုက်ရာ ဒေသန္တရအသီးသီးသို့ ကွင်းဆင်းကာ တွေ့ဆုံမှုများ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ် ပြန်လာပါတယ်။
တွေ့ဆုံမှုမှာ ဒေသန္တရအစိုးရအားကောင်းရေးမှ ချင်းပြည်(Chinland)အစိုးရအားကောင်းရေးအတွက် ဒေသန္တရအစိုးရ အတွက်လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနဲ့ လူသား ချင်းဆိုင်ရာကူညီထောက်ပံ့မှုများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မတူပီကောင်စီညီလာခံကျင်းပခြင်းအစီအစဉ်မှာ အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် စီမံ/ဘဏ္ဏာ ဝန်ကြီး ၊ ချင်း အမျိုးသားတပ်ဦး၊ အကြီးအကဲတွေလည်း ညီလာခံသို့တက်ရောက်ခဲ့ကြပြီး ဌာနဆိုင်ရာအလိုက် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။




Comments